((Zawgyi))
အပိုင်း (၁၂၄)
ကြေးမုံမှန်ကွဲ (၁၂) -
ဆယ့်ရှစ်နှစ်အရွယ် ရွှီချန်ရန့်👾👾👾
ဘာလိုလိုမသဲမကွဲလေထုက တဖြည်းဖြည်းပျောက်ကွယ်သွားတော့ ရွှီချန်ရန့် ရုတ်တရတ် ကြောင်အန်းသွားသည်။
ဟယ့်ရန် ရှောင်လိုက်တယ်!
ဗြုန်းခနဲ အသိစိတ်ပြန်ဝင်အလာမှာ ရွှီချန်ရန့် နည်းနည်းရှက်သွားသည်။
အဲဒါက ရေခဲရေနဲ့အပက်ခံရသလို သူ့တစ်ကိုယ်လုံး အေးစက်သွားစေသည်။
ကိုင်ထားတဲ့လက်ကို လွှတ်လိုက်တော့ သူ့လက်ဖဝါးတွေက အမျိုးသားလက်မောင်းပေါ်ကနေ တဖြည်းဖြည်းလျောကျသွားသည်။ သူက ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။
ကံကောင်းချင်တော့ အခုက အခန်းမီးပိတ်ထားပြီး အမှောင်ထုက အားလုံးကို ဖုံးဝှက်ပေးထားတာကြောင့် အနည်းဆုံးတော့ ဒါက အရမ်း ရှက်စရာမကောင်းတော့ပေ။
ဟယ့်ရန် ကုတင်ဘေးမှာရှိရာက အနည်းငယ် နောက်ဆုတ်သွားသည်။ သူက စောင်ပြန်ဆွဲခြုံပေးကာ ဩရှရှအသံဖြင့်:
"စောစောနားတော့"
ဟယ့်ရန်လေသံက နဂိုအတိုင်း၊ မျက်နှာအမူအရာလည်း နည်းနည်းမှမပြောင်းသလို သူ့ကြည့်ရတာ ခုနက ဘာမှမဖြစ်သွားသလိုပင်။
"အင်း"
ရွှီချန်ရန့် လိမ်လိမ်မာမာနဲ့ အိပ်ရာပေါ် ပြန်လှဲလိုက်သည်။
သူတို့နှစ်ဦးစလုံး ဘာစကားမှမပြောသလို လေထုကလည်း အနည်းငယ် လေးလံလာသည်။
ဟယ့်ရန်က ဘေးနားမှာ တိတ်တိတ်လေးနေကာ အဖော်လုပ်ပေးနေသည်။ ခဏကြာတော့ သူ နေရာမှထကာ အခန်းထဲက လှည့်ထွက်သွားသည်။
ဒါပေမယ့် ဟယ့်ရန် ထွက်သွားမှ အိပ်ရာပေါ်လှဲနေတဲ့ ရွှီချန်ရန့်တစ်ယောက် မျက်လုံးများပွင့်လာသည်။ ပြီးတော့လည်း သူ့မျက်လုံးအစုံက နည်းနည်းမှ အိပ်ချင်ပုံမရပေ။
👾👾👾
နောက်နေ့မနက်။
ရွှီချန်ရန့် အိပ်ရာနိုးတော့ အောက်ထပ်ထမင်းစားခန်းမှာ တစ်ခုခုသွားရှာစားဖို့ပြင်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...