((Zawgyi))
အပိုင်း (၉၇)
အဲ့ဒီလူက ဆရာဖေး👾👾👾
သို့သော် သိပ်မကြာခင်၌ ချင်ကျိုးက မျက်လုံးမှိတ်ကာ သတိလစ်မေ့မျောသွားတော့သည်။
ချင်ကျိုး သတိပြန်ရလာတော့ သူ ဆေးရုံပေါ် ရောက်နေပြီ။
ချင်ကျိုးက တွေဝေစွာဖြင့် မျက်လုံးများဖွင့်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်သည်။ သူ့ဘေးကိုလှမ်းကြည့်တော့ အေးဂျင့်နှင့် လက်ထောက်က ကုတင်ဘေးမှာ လူနာစောင့်ပေးနေတာ တွေ့ရသည်။
လက်ထောက်က ချင်ကျိုးနိုးလာတာမြင်တော့ ကိုယ်ကိုအမြန်ကိုင်း၍ ချင်ကျိုးကို တွဲထူပေးကာ ရေနွေးတစ်ခွက် သွားငှဲ့လာသည်။
ချင်ကျိုးက ကုတင်ကိုမှီထိုင်ရင်း ရေနွေးကိုဖြည်းညင်းစွာ သောက်လိုက်သည်။
သို့သော် သူခေါင်းထဲမှာ မူးနောက်နေဆဲဖြစ်သည်။ ချင်ကျိုးက နဖူးကို နှိပ်နယ်လိုက်ပြီး လက်ထောက်အား လက်ကိုင်ဖုန်း ယူလာပေးဖို့ပြောလိုက်သည်။ ထို့်နောက် weibo မှာ မဖတ်ရသေးသော မက်ဆေ့များစွာကို သူ တွေ့ရသည်။
လက်ထောက်က မေးသည်။
"ကျိုးကော သက်သာရဲ့လား?"
"သက်သာပါတယ်"
"ဒါရိုက်တာဟဲက မီးလောင်တဲ့ကိစ္စကို စုံစမ်းနေတယ်လို့ပြောတယ်"
လက်ထောက်ကပြောပြသည်။
"ကြည့်ရတာ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ တမင်မီးရှို့လိုက်ပုံပဲ"
"တမင်မီးရှို့တာ?"
ချင်ကျိုး အနည်းငယ် အံ့အားသင့်သွားသည်။
"အခု စုံစမ်းစစ်ဆေးနေတုန်းပဲ"
လက်ထောက်က အနည်းငယ် ဝမ်းမြောက်ဝမ်းသာဖြင့်:
"ပြောတာတော့ တတိယထပ်မှာမီးလောင်တာ အပြင်းထန်ဆုံးပဲတဲ့၊ ကံကောင်းထောက်မပြီး မနေ့က ဆရာဖေး ကူညီခဲ့ပေလို့သာပေါ့"
ချင်ကျိုးက ခဏအံ့ဩသွားကာ မနေ့ကကိစ္စများကို ပြန်အမှတ်ရမိသည်။
အဲ့ဒီတုန်းက မီးလောင်ပြင်ထဲမှာ နေရာတိုင်းက မီးခိုးမှိုင်းတွေပြည့်နေပြီး အထဲမှာ သူ ဘာကိုမှ မမြင်ရပေ။ တစ်ယောက်ယောက်က သူ့ကို အပေါ်ထပ်ကနေ အောက်ထပ်သို့ ဆွဲခေါ်သွားခဲ့ပြီး သူ့အတွက်လည်း သစ်သားတန်းကို ကူပြီးကာကွယ်ပေးခဲ့သေးသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...