အပိုင်း (၁၀၁)

10.3K 1.7K 66
                                    

((Zawgyi))

အပိုင်း (၁၀၁)
လက်စွပ်

👾👾👾

ရှောင်ချန်က ဟယ့်ရန်၏လက်ကို ဆုပ်ကိုင်ထားဆဲ​ဖြစ်သည်။ သူက ဟယ့်ရန်ကိုကြည့်ပြီးနောက် တစ်ဖက်က ချင်ကျိုးကိုကြည့်လိုက်ပြန်သည်။

ချင်ကျိုးက ဘေးနားတွင် ငြိမ်သက်စွာရပ်ကာ ဘာစကားမှမပြောဘဲ နှုတ်ဆိတ်နေသည်။

ရှောင်ချန်က ချင်ကျိုးအနားကပ်သွားပြီး နောက်လက်တစ်ဖက်ဖြင့် ချင်ကျိုး၏လက်ကို ဆွဲကိုင်လှုပ်ရမ်းလိုက်သည်။

သို့သော် လူကြီးနှစ်ယောက်စလုံးက ဘယ်သူမှ စကားမပြောကြဘဲ လေထုက အနည်းငယ်မွန်းကြပ်လာသည်။

အချိန်အတော်ကြာတော့ ဟယ့်ရန်က ခေါ်လိုက်သည်။

"ရန့်ရန့်"

"အင်း?"

"ကိုယ် ထပ်ပြီးမေးချင်တယ်၊ ကိုယ်တို့ အစကနေ ပြန်ရင်းနှီးလို့ရနိုင်မလား?"

ဟယ့်ရန်၏အသံကို နားထောင်ရတာ အနည်းငယ် ဩရှနေသည်။

အစကနေ ပြန်ပြီးသိကျွမ်းကြမယ်၊ အစကနေ ပြန်လိုက်မယ်။

အရာအားလုံးကို အစကနေ ပြန်စကြမယ်။

ချင်ကျိုးက ရှောင်ချန်ကိုငုံ့ကြည့်ပြီး ရှောင်ချန်ကို သူ့အနား ဆွဲခေါ်လိုက်ကာ မနှေးမမြန်ပြောလိုက်သည်။

"ကျွန်တော်တို့က ရင်းနှီးပြီးသားပါ"

ဟယ့်ရန်က ခဏလောက် နှုတ်ဆိတ်သွားပြီး ပြောသည်။

"ကောင်းပြီ"

ချင်ကျိုးက ခေါင်းပြန်မော့လာကာ မေးသည်။

"ခင်ဗျား အအေးမိနေလား?"

"ဟုတ်မယ်ထင်တယ်"

ဟယ့်ရန်က အနည်းငယ် စိတ်နဲ့လူနဲ့မကပ်ဖြစ်ကာ အအေးမိ​နေတာကို ဂရုမစိုက်ပေ။

"ခင်ဗျား......"

ချင်ကျိုးက တစ်ခုခုပြောချင်သော်လည်း ပြောဖို့ခက်ခဲနေသည်။

အဆုံးမှာတော့ ချင်ကျိုးက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"ဆေးသောက်ပြီး အင်္ကျီထူထူဝတ်ဖို့မမေ့နဲ့"

"အင်း"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now