အပိုင်း (၁၃)

8.6K 1.1K 64
                                    

((Zawgyi))

အပိုင်း (၁၃)
ရန့်ရန့်ရော ဘယ်လိုထင်လဲ?

👾👾👾

မနက်စောစော အပြင်ဘက်မှာ မိုးရွာသွန်းလျက်ရှိသည်။

ရွှီချန်ရန့် အိပ်ရာနိုးလာပြီးနောက် အိပ်ချင်မူးတူးဖြင့် နာရီကြည့်လိုက်တော့ မနက်(၇)နာရီ ထိုးနေပြီဖြစ်သည်။

သူတို့မနေ့ညက ညနက်သည်အထိ အခါခါ ချစ်ရည်လူးခဲ့သည့်ဒဏ်ကြောင့် ရွှီချန်ရန့်ခမျာ လက်ရှိတွင် ပင်ပန်းနွမ်းနယ်ကာ ခြေထောက်နှစ်ဖက်လုံးလည်း အတော်နာကျင်ပြီး အားအင်ချိနဲ့နေသည်။

သူ့ဘေးက အမျိုးသားကတော့ အိပ်မောကျနေဆဲဖြစ်သည်။ သူ၏ လှစ်ဟနေသည့် ရင်အုပ်ဗြောင်ပေါ်တွင် ဘယ်နှခုမှန်းမသိသည့် ကုတ်ရာလေးများကို မြင်နိုင်ပြီး ပုခုံးပေါ်မှညလည်း သွားရာခပ်ဖျော့ဖျော့လေးတစ်ခုကို အတိုင်းသားမြင်ရသည်။

ရွှီချန်ရန့်သည် ထိုအမျိုးသား၏ ရင်အုပ်ပေါ်ရှိ ကုတ်ရာလေးများကို ငေးကြည့်ရင်း ထိုနေရာသို့ အလိုလို လက်လှမ်းမိသွားသည်။ သူက လက်ချောင်းထိပ်လေးများဖြင့် ကုတ်ရာလေးများကို အသာလေး ထိကိုင်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်​များက ထိုကုတ်ရာများနောက်သို့ လိုက်ပါသွားကာ နောက်ဆုံး အမျိုးသား၏ နှုတ်ခမ်းသားများဆီသို့် ကျရောက်သွားသည်။

ရွှီချန်ရန့်သည် စိတ်မထိန်းနိုင်ဘဲ ကိုယ်ကိုငုံ့လိုက်ကာ ထိုလူ၏အနားသို့ တိုးကပ်သွားသည်။

နွေးထွေးသော ဝင်သက်ထွက်သက်များ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူတို့နှစ်ဦး၏ နှုတ်ခမ်းသားများကလည်း အချင်းချင်း ထိကပ်လုနီးပါးဖြစ်လာသည်။

သူသာ အရှေ့ကို နည်းနည်းလေး ထပ်ပြီး တိုးလိုက်ရင် ထိုနှုတ်ခမ်းသားများကို သူနမ်းရှိုက်နိုင်​ပေလိမ့်မည်။ --

သို့သော်လည်း ရွှီချန်ရန့်တစ်ယောက် နောက်ဆုံးမှာ မနမ်းဖြစ်ခဲ့​ပေ။ သူက စိတ်ပျက်ညှိုးငယ်စွာနှင့် ပြန်ထလိုက်သည်။

သူ မနမ်းဝံ့သေးပါချေ။

ငါးနှစ်တိုင်ခဲ့ပြီ။ ဒီကာလအတွင်း လူကြီးမင်း သူ့ကို နမ်းခဲ့သည်မှာ အလွန်ရှားလှသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now