အပိုင်း (၉၈)

9.6K 1.7K 36
                                    

((Zawgyi))

အပိုင်း (၉၈)
ဇာတ်သိမ်းကမတူဘူး

👾👾👾

ချင်ကျိုးက နားနေခန်းမီးလောင်တုန်းက အချိန်ကို ပြန်တွေးမိသည်။

သူ့ကို ပွေ့ချီထားတဲ့အဲ့ဒီလူ၊ သူ့အစား သစ်သားတန်းကို ခုခံပေးခဲ့တဲ့ အဲ့ဒီလူ --

သူက တကယ်ကို ဟယ့်ရန်နဲ့ တူလွန်းတယ်။

ဒါပေမယ့် သူ အကယ်ခံရပြီး အပြင်ထွက်လာတော့ သူတွေ့ရတာက ဖေးယွမ်ဖြစ်နေတယ်။

ချင်ကျိုးသည် ပုံပြင်စာအုပ်ထဲတွင်ပါသည့် အကြောင်းအရာကိုကြည့်ရင်း ဆက်မဖတ်တော့ဘဲ ခဏလောက် တွေဝေမိန်းမောနေသည်။

ရှောင်ချန်က ဘေးနားမှာ ခဏစောင့်လိုက်ပြီး ချင်ကျိုး ပုံပြင်ဆက်မဖတ်တာ မြင်တော့ ခေါင်းလေးစောင်းကာ မေးလိုက်သည်။

"ချင်ကျိုးကောကော?"

ချင်ကျိုးက ရှောင်ချန့်ခေါင်းလေးကို ပွတ်ကာ ရှောင်ချန်ကို ပုံပြင်ဆက်ဖတ်ပြလိုက်သည်။

👾👾👾

ချင်ကျိုးသည် ဆေးရုံမှာနေပြီး တစ်ည အနားယူလိုက်သည်။

နောက်တစ်နေ့မနက်မှာ ကျန်းလင်နှင့် စူးထန်တို့ အတူတူရောက်လာသည်။

ကျန်းလင်က ဝင်လာတာနဲ့ ချက်ချင်း မေးသည်။

"ကျိုးကော ဘာမှမဖြစ်ပါဘူးနော်?"

"ဘာမှမဖြစ်ဘူး"

ချင်ကျိုးက ပြုံး​ပြသည်။

စူးထန်က ထိုင်ခုံတစ်လုံးကို အနားသို့ရွှေ့လာကာ မျက်မှောင်ကြုတ်ပြီး ပြောသည်။

"အခု anti-fan တွေက အရမ်းကြောက်ဖို့ကောင်းတယ်၊ လူသေလုနီးပါးပဲ"

စူးထန်က Hot search ပေါ်က သတင်းများကိုမြင်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"ဆရာဖေး ရှိလို့တော်သေးတယ်၊ ကံကောင်းပြီး ဆရာဖေး ကူညီခဲ့လို့သာပေါ့"

ချင်ကျိုးက ခေါင်းညိမ့်လိုက်ကာ:

"ဒီတစ်ခါ ဆရာဖေးကိုကျေးဇူးတင်ရမယ်"

စူးထန်က နည်းနည်းအတင်းတုတ်ချင်သလို အနားတိုးလာပြီး မေးသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now