((Zawgyi))
အပိုင်း (၈၆)
မသွားပါနဲ့👾👾👾
ဟယ့်ရန်က ရင်ခွင်ထဲကလူအား ပြန်လည်ပွေ့ဖက်ကာ အသံများကွဲအက်နေသည်။
"မင်း မသွားပါနဲ့......."
ချင်ကျိုးက ဟယ့်ရန်၏ခေါင်းကို ပွတ်ပေးကာ လက်ကိုအနည်းငယ်လွှတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
"ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ၊ ကျန်းမာရေးက နံပါတ်တစ်ပဲ"
ဟယ့်ရန်: "ဒါဆို မင်း ကိုယ့်အနားမှာနေပြီးအဖော်ပြုပေး"
ချင်ကျိုးက ပြုံးလိုက်ကာ ပြောသည်။
"လူနာစောင့်လည်း ခင်ဗျားကို ပြုစုပေးနိုင်ပါတယ်"
ဟယ့်ရန်က စကားမပြောဘဲ ချင်ကျိုးလက်ကိုသာ မလွှတ်တမ်း တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ချင်ကျိုးက စိတ်ရှည်ရှည်ဖြင့် ပြောသည်။
"ခင်ဗျားမှာ ဒီလောက် အခြေအနေကောင်းတွေရှိနေတာ၊ လူမရှားပါဘူး"
ဟယ့်ရန်၏ဂုဏ်ဒြပ်နဲ့ဆို သူ စကားတစ်ခွန်းဟလိုက်တာနဲ့ သူ့နောက်ကလိုက်ချင်တဲ့သူတွေမှ အများကြီးပင်။
"ရှားတယ်"
ဟယ့်ရန်က ခေါင်းမာနေဆဲပင်။
"မင်းကလွဲရင် တခြားဘယ်သူမှ မသင့်တော်ဘူး"
"ကျွန်တော်လည်း မကောင်းပါဘူး"
ချင်ကျိုးက ပြုံးပြီး ခေါင်းခါပြကာ ပြောသည်။
"ကျွန်တော်က မကောင်းပါဘူး၊ ခင်ဗျား တခြားလူရှာလိုက်ပါ"
ချင်ကျိုးက စဉ်းစားကာ ပြောသည်။
"အဲ့ဒီလက်စွပ် ကျွန်တော့်ဆီမှာရှိသေးတယ်၊ လွှင့်ပစ်လိုက်ရမှာ အရမ်းဖြုန်းတီးရာကျတယ်၊ ကျွန်တော် မနက်ဖြန်ကျရင် ဦးလေးဝမ်ကို ပေးလိုက်မယ်"
အရင်တစ်ခါ လက်ထပ်ခွင့်တောင်းတဲ့လက်စွပ်က သူ့ဆီမှာရှိနေသေးသည်။ အဲ့ဒီတုန်းက ဟယ့်ရန်က သူ့ကို လွှင့်ပစ်လိုက်ဖို့်ပြောပေမယ့် သူမလွှင့်ပစ်ခဲ့ပေ။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...