အပိုင်း (၈၅)

11.2K 2K 255
                                    

((Zawgyi))

အပိုင်း (၈၅)
ဆုံးရှုံးသွားပြီး ပြန်ရလာခါမှ
ထပ်မံဆုံးရှုံးခြင်း

👾👾👾

ဟယ့်ရန် ယွမ်လျဲ့ဆီ သွားခဲ့သည်။

အဲ့ဒီနောက် ရုံးခန်းထဲမှာ တစ်ခါထိုင်လိုက်ပြီးနောက် တစ်နေကုန်သွားသည်။

ပြတင်းပေါက်အပြင်ဘက်၊ မလှမ်းမကမ်းရှိ ကုန်သွယ်ရေးအဆောက်အဦးပေါ်တွင် အီလက်ထရွန်နစ် ကြော်ငြာဖန်သားပြင်တစ်ခုရှိနေသည်။

ထိုဖန်သားပြင်ထက်ဝယ် ဂိမ်းပရိုမိုးရှင်းကြော်​ငြာတစ်ခု ထုတ်လွှင့်ပြသလျက်ရှိသည်။

ဟယ့်ရန်က အပြင်ကို ငေးကြည့်ရင်း စီးကရက်ကို မီးညှိလိုက်သည်။

ယွမ်လျဲ့သည် အဖြူရောင်ဂျူတီကုတ်ကိုဝတ်ဆင်ကာ မျက်နှာချင်းဆိုင်တွင်ထိုင်၍ ပြုံးရွှင်စွာ ပြောသည်။

"ဥက္ကဋ္ဌဟယ့်၊ ကျွန်တော် နှစ်သိမ့်တဲ့စကားတွေ မပြောတော့ဘူး"

"သူ အခု အသက်ရှင်နေသေးတယ်၊ တစ်ယောက်တည်းလည်း အဆင်ပြေပြေနေ​နေတယ်"

"ခင်ဗျားလည်း စောစောစီးစီး လွှတ်ချလိုက်သင့်ပြီ"

ဟယ့်ရန်က ဘာမှမကြားသယောင် စကားမပြောဘဲ အပြင်ဘက်က ကြော်ငြာဖန်သားပြင်ကိုသာ ငေးနေသည်။

စီးကရက်က တဖြည်းဖြည်း ပိုမိုတိုဝင်လာပြီး လက်ချောင်းထိပ်များဆီ လောင်ကျွမ်းလာသည်။

အဲ့တော့မှ ဟယ့်ရန်က အသိပြန်ဝင်လာပြီး ဆေးလိပ်အစီခံကို မီးငြိမ်းလိုက်သည်။

စားပွဲပေါ်က ဆေးလိပ်ပြာခွက်ထဲ၌ စီးကရက်အစီခံများ ပြည့်လို့နေသည်။

စာကြည့်စားပွဲနောက်မှ ယွမ်လျဲ့က အရင်အတိုင်း ပြုံးရွှင်နေကာ နွေးထွေးစွာ ပြောသည်။

"ခင်ဗျား အာရုံပြောင်းအောင် ကြိုးစားကြည့်လို့ရတယ်"

"ဥပမာ ခရီးထွက်တာ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အပျင်းပြေ စကားစမြည်ပြောတာ၊ ဒါမှမဟုတ် အလုပ်လုပ်တာ စသည်ဖြင့်ပေါ့"

"ပြောလို့မရဘူး၊ တစ်နေ့ကျရင် ပိုသင့်တော်တဲ့လူတစ်ယောက်နဲ့ တွေ့ရင်တွေ့လာမှာ"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now