((Zawgyi))
အပိုင်း (၄၉)
ထပ်မနှောင့်ယှက်တော့ဘူး👾👾👾
ချင်ကျိုးသည် နှင်းဆီပန်းများကို ပွေ့ပိုက်ကာ နားနေခန်းထဲသို့ အရင်ပြန်သွားသည်။
ချင်ကျိုးက နှင်းဆီပန်းများကို စားပွဲပေါ်တင်လိုက်ပြီးနောက် မှန်တင်ခုံရှေ့သို့လာကာ မိတ်ကပ်အရင်ဖျက်လိုက်သည်။
ချင်ကျိုး မိတ်ကပ်ဖျက်နေဆဲအချိန်မှာ အခန်းတံခါးကို အပြင်က တွန်းဖွင့်လိုက်တဲ့အသံ ကြားရသည်။
ချင်ကျိုးက အခုလေးတင် ကျန်းလင်နဲ့ အပြင်မှာ ညစာသွားစားဖို့ ချိန်းထားတာကြောင့် ကျန်းလင်ရောက်လာသည်ဟုထင်သွားကာ မေးလိုက်သည်။
"ညကျ ဘယ်ကိုသွားချင်လဲ? အရင်တစ်ခေါက်သွားတဲ့ အဲ့ဒီအသားကင်ဆိုင်ပဲလား?"
ထိုလူက အသံမထွက်ဘဲ အနားသို့ တစ်လှမ်းချင်း တိုးကပ်လာသည်။
"ကျန်းလင်?"
ချင်ကျိုး ထပ်ပြီးခေါ်လိုက်သော်လည်း ပြန်ဖြေသံမကြားရတာကြောင့် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အခန်းထဲဝင်လာသူက ဟယ့်ရန် ဖြစ်နေတာတွေ့ရသည်။
ချင်ကျိုးက တလေးတစား ခေါ်လိုက်သည်။
"ဥက္ကဋ္ဌဟယ့်"
ဟယ့်ရန်က အနားသို့လျှောက်လာကာ စားပွဲပေါ်တွင်တင်ထားသည့် နှင်းဆီပန်းစည်းကိုမြင်တော့ ဖြည်းညင်းစွာ ပြောလိုက်သည်။
"မင်းက ကျန်းလင်ရဲ့ပန်းကို လက်ခံတယ်"
ချင်ကျိုးက မိတ်ကပ်ဖျက်နေရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"အင်း"
"နှင်းဆီပန်းတွေ လက်မခံဘူးလို့ မင်းပြောထားတယ်လေ"
ဟယ့်ရန်၏အသံက အနည်းငယ် အေးစက်နေသည်။
ချင်ကျိုးက ခေါင်းမော့ကာ မှန်ထဲကတဆင့် အမျိုးသားရဲ့အကြည့်တွေနဲ့ မျက်လုံးချင်းဆုံလိုက်သည်။
ချင်ကျိုးက ရုတ်တရတ် ပြုံးလိုက်ကာ အေးဆေးစွာ ပြောလာသည်။
"ဥက္ကဋ္ဌဟယ့်၊ သူက ကျွန်တော့်ရဲ့သူငယ်ချင်းလေ"
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...