အပိုင်း (၁၂၉)

4.4K 727 77
                                    

((Zawgyi))

အပိုင်း (၁၂၉)
ကြေးမုံမှန်ကွဲ (၁၇) - အမှတ်နှုတ်ခံရတယ်

👾👾👾

ဟယ့်ရန် ကြမ်းပေါ်ကျနေတဲ့ ရွှေငါးလေးကိုကြည့်ပြီး အသံပင်မထွက်နိုင်ချေ။

နောက်ပြီး သူ့ပတ်ပတ်လည်မှာလည်း မွစာကျဲနေသည်။ ချီချီကတော့ သူ့ဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ အပြစ်ကင်းစင်သည့် မျက်နှာလေးနှင့် ဟယ့်ရန်ကို မော့ကြည့်နေသည်။ ခုနက​ ငါးကန္ကျကွဲအောင်လုပ္တဲ့သူက သူမဟုတ်သည့်အတိုင်းပင်။

ချီချီဘေးက ရှောင်ဝမ်က‌တော့ အလွန်စိတ်ဝင်တစားဖြင့် လက်သည်းကို ထုတ်ကာ ရွှေငါးလေး‌ပေါ် အကြိမ်အနည်းငယ်လောက် ပုတ်ကြည့်လိုက်သည်။ အစကတည်းက မျော့မျော့သာ ရှိတော့သည့် ရွှေငါးလေးခမျာ ရှောင်ဝမ် ခုလို ပုတ်ကြည့်တာခံရတော့ ပိုပြီးအခြေအနေဆိုးသွားသည်။

အိမ်အကူအန်တီကြီး အမြန်ရောက်လာသည်။ သူမက ရှောင်ဝမ်ကို ‌ပွေ့ခေါ်ပြီး ကြမ်းပေါ်က ရွှေငါးလေးနဲ့ ဖန်ကွဲစတွေကို စတင်ရှင်းလင်းလိုက်သည်။

အန်တီကြီးက ရေခွက်တစ်ခွက်ရှာကာ ရွှေငါးလေးကို ရေခွက်ထဲထည့်လိုက်သည်။

သို့သော် အချိန်နှောင်းကာ ရွှေငါးလေးက သေသွားလေပြီ။

အန်တီကြီးက ရွှေငါးလေးကိုကြည့်ပြီး ဟယ့်ရန်ကို လှမ်းပြောလိုက်သည်။

"ဟယ့်သခင်လေး၊ ရွှေငါးလေး သေသွားပြီ"

ဟယ့်ရန် ရေခွက်ကို လှမ်းယူလိုက်သည်။  သူက အထဲက ရွှေငါးအသေလေးကို ကြည့်ကာ နှုတ်ဆိတ်သွားသည်။

ထိုအချိန် သူ့ဖုန်းကနေ မက်ဆေ့ဝင်တဲ့ အချက်ပေးသံ ထွက်လာသည်။

ဟယ့်ရန် ဖုန်းကိုကြည့်လိုက်တော့ ရွှီချန်ရန့် ဆီက မက်ဆေ့ဖြစ်နေသည်။

[ရန့်ရန့်: ရွှေငါးလေး ဘယ်လိုနေလဲ?"]

ဟယ့်ရန်က ရွှေငါးအသေလေးကို အလိုလို ဖျက်ခနဲ့ တစ်ချက်လှမ်းကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now