((Zawgyi))
အပိုင်း (၆)
ဓာတ်ပုံအယ်လ်ဘမ်ဟောင်းလေးတစ်ခု👾👾👾
ရုံးပိတ်ရက်တစ်ရက်တွင် ရွှီချန်ရန့်ဆီကို ဖုန်းတစ်ခုဝင်လာသည်။
"မရီးရေ! ကျွန်တော်ပြန်လာပြီ! ကျွန်တော့်ကို လာကြိုပါဦး!"
ဖုန်း၏ အခြားတစ်ဖက်မှ အသံက အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။
ရွှီချန်ရန့်က မေးလိုက်သည်။
"ဘယ်တော့ ရောက်မှာလဲ?"
"ဒီနေ့နေ့လည်၊ (၂)နာရီ (၃)နာရီလောက်ပေါ့!"
"မြန်လှချည်လား?"
ရွှီချန်ရန့်က အနည်းငယ် အံ့ဩသွားသည်။
"ဘာလို့ ကြိုမပြောတာလဲ?"
"ကျွန်တော်က အကိုကြီးနဲ့ မရီးကို အံ့ဩသွားစေချင်တာ!"
တစ်ဖက်လူက ပြုံးပြီး ပြောလိုက်သည်။
ဖုန်းချလိုက်သည်နှင့် ရွှီချန်ရန့်က စာကြည့်ခန်းဆီသို့သွားကာ လူကြီးမင်းကို ရှာလိုက်သည်။
ဟယ့်ရန်သည် ဆိုဖာတစ်ခုပေါ် မှီရင်း ဓာတ်ပုံအယ်လ်ဘမ်ဟောင်းတစ်ခုကို ကြည့်နေသည်။
သူက ရွှီချန်ရန့် ဝင်လာတာမြင်တော့ ထိုဓာတ်ပုံအယ်လ်ဘမ်လေးကို ပိတ်လိုက်ပြီး ဘေးဖယ်၏။
ရွှီချန်ရန့်က ဓာတ်ပုံအယ်လ်ဘမ်လေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ လူကြီးမင်းက တစ်ခါတစ်ရံ တစ်ယောက်တည်း စာကြည့်ခန်းထဲတွင် ထိုဓာတ်ပုံအယ်လ်ဘမ်လေးကို ကြည့်နေတတ်တာ သူသိသည်။ ကြည့်ရတာ အဲ့ဒါက လူကြီးမင်းအတွက် အလွန်အရေးကြီးပုံရသည်။
ရွှီချန်ရန့်က အနားသို့သွားပြီး ပြောလိုက်သည်။
"လူကြီးမင်း၊ ကျန်းလင် ပြန်လာနေပြီ။ နေ့လည်လေယာဉ်နဲ့တဲ့"
ကျန်းလင်သည် ဟယ့်ရန်၏ ညီဝမ်းကွဲဖြစ်သည်။ သူက နိုင်ငံခြားတက္ကသိုလ်တစ်ခုတွင် ပညာသင်နေပြီး ရံဖန်ရံခါ အားလပ်ရက်များတွင်သာ ပြန်လာတာဖြစ်သည်။
"ဒီနေ့နေ့လည်လား?"
ဟယ့်ရန်က ခေါင်းထောင်လာသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...