အပိုင်း (၁၂၃)

6.5K 841 47
                                    

((Zawgyi))

အပိုင်း (၁၂၃)
ကြေးမုံမှန်ကွဲ (၁၀) - ရင်ခုန်ခြင်း

👾👾👾

"ပိုက်ဆံလျော်ပေးမယ်".

ရွှီချန်ရန့်က သစ်ကိုင်းအကျိုးကို ကောက်ကာ ခေါင်းမော့ပြီး အမျိုးသားနှင့် မျက်လုံးချင်းဆုံကာ မေးလိုက်သည်။

"ဒီကုတင်ပြင်ခက ဘယ်လောက်ကျမှာလဲ?"

ဟယ့်ရန်က တန်းမဖြေဘဲ သူ့ဘေးမှာကပ်ထိုင်ကာ လက်ဝါးထဲက သစ်သားဆိုင်းဘုတ်အကျိုးလေးနှစ်ခုကို ဖြန့်ပြပြီး မေးလိုကျသညျ။

"ဒါကိုရော ဘယ်လိုလျော်မှာလဲ?"

ရွှီချန်ရန့်က စဉ်းစားပြီး ပြောလိုက်သည်။

"အဲဒါ ကျွန်တော် အသစ်ပြန်ရေးပေးမယ်လေ?"

ဟယ့်ရန်က သစ်သားဆိုင်းဘုတ်လေးကို တည်တည်ငြိမ်ငြိမ်ပဲ ဆက်ကိုင်ထားကာ အချိန်ခဏလောက် အသံတိတ်သွားသည်။

အချိန်အတော်ကြာမှ ဟယ့်ရန် စကားပြောလာသည်။

"မတူဘူးလေ"

အသစ်ပြန်ရေးတာက အဟောင်းနဲ့ မတူဘူး။

ဟယ့်ရန် နေရာမှထလိုက်ကာ ပြောသည်။

"ထားတော့၊ မင်း လျော်ပေးစရာမလိုဘူး"

"အမ်?"

ဟယ့်ရန်က ကုတင်ပေါ်မှဆင်းကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"ကလေးလေး နောက်တစ်ခါ ပိုလိမ်လိမ်မာမာနေနော် ပြဿနာမရှာနဲ့တော့"

ပြောပြီးတာနဲ့ ဟယ့်ရန်က စံအိမ်ထဲ ပြန်ဝင်သွားသည်။

ရွှီချန်ရန့်က ကုတင်ပေါ် ဆက်လှဲလိုက်သည်။ သူက စံအိမ်ရှိရာဘက်ကို လှမ်းကြည့်ပြီးနောက် နေပူဆာဆက်လှုံလိုက်သည်။

ညနေစောင်းမှ ရွှီချန်ရန့် အိမ်ထဲပြန်ဝင်လာသည်။

သူ ဧည့်ခန်းထဲဝင်လိုက်တာနဲ့ လေသာဆောင်မှာ လူရိပ်တစ်ခုကို ချက်ချင်းတွေ့သွားသည်။

ရွှီချန်ရန့်အနားသွားကြည့်တော့ အမျိုးသားက လက်ရန်းကိုမှီရပ်နေတာ တွေ့ရသည်။ သူက ညာဘက် လက်ချောင်းထိပ်မှာ စီးကရက်တစ်လိပ်ကိုညှက်ပြီး ဘယ်ဘက်လက်က သစ်သားဆိုင်းဘုတ်လေးကို ဆုပ်ကိုင်ထားသည်။ သူ့လက်က စီးကရက်အဆီခံက လက်ချောင်းများကိုပါ လောင်ကျွမ်းလုပြီ၊ သို့သော် အမျိုးသားက ဒါကိုဂရုမထား၊ ခေါင်းငုံ့လို့သာ လက်ထဲက သစ်သားဆိုင်းဘုတ်လေးကို လေးနက်စွာ စိုက်ကြည့်နေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now