((Zawgyi))
အပိုင်း (၅၂)
လွှင့်ပစ်ခြင်း👾👾👾
ချင်ကျိုး ရုံးခန်းထဲကထွက်လာတော့ အေးဂျင့်က အပြင်မှာ စောင့်နေသည်။
အေးဂျင့်က ချင်ကျိုးကိုမြင်တော့ အနားသို့ရောက်လာကာ မေးသည်။
"ဥက္ကဋ္ဌယွမ်က မင်းကို ဘာပြောလိုက်လဲ?"
ချင်ကျိုး: "အလုပ်ကိစ္စအကြောင်းနည်းနည်းပြောတာပါ"
အေးဂျင့်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့အကြည့်တွေက ချင်ကျိုး၏လည်ပင်းပေါ်သို့ မသိမသာ ဝေ့ဝဲသွားသည့်အခါ မသင်္ကာစရာ ဘာအမှတ်အသားမှမတွေ့ရသလို၊ ကိုယ်မှာဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ပုံမပျက် အကောင်းအတိုင်းရှိနေသေးတာကိုတွေ့ရသည်။
အေးဂျင့်က အကြည့်ကိုပြန်ရုတ်ကာ မေးလိုက်သည်။
"မင်းနဲ့ ဥက္ကဋ္ဌယွမ်က ဘယ်လိုသိတာလဲ?"
အေးဂျင့်က ချင်ကျိုးပြောတာကိုမစောင့်ဘဲ ဆက်ပြီးပြောလိုက်သည်။
"နောက်ဆုံးတစ်ခေါက် ယွမ်မိသားစုရဲ့ မွေးနေ့ဧည့်ခံပွဲမှာ မင်းက သီးသန့်ဖိတ်ကြားစာရခဲ့တယ်"
"ဒီတစ်ခေါက် မင်း ဥက္ကဋ္ဌဟယ့်ကို အပြစ်ပြုမိတော့လည်း ဥက္ကဋ္ဌယွမ်က တာဝန်ယူ ဖြေရှင်းပေးတယ်"
အေးဂျင့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"မင်းနဲ့ ဥက္ကဋ္ဌယွမ် ဘယ်လိုပတ်သတ်မှုမျိုးလဲ?"
"ဘာမှမပတ်သတ်ဘူး"
ချင်ကျိုး၏တုန့်ပြန်မှုက အလွန်ပြတ်သားသည်။
အရင်တုန်းက သူသည် ဥက္ကဋ္ဌယွမ်ကို အကြိမ်များစွာ မြင်ဖူးသော်လည်း အဲ့ဒါအားလုံးက သူ့ဘက်ကသာ ဥက္ကဋ္ဌယွမ်ကို သိနေခဲ့တာဖြစ်ပြီး တစ်ခါမှစကားမပြောဖူးခဲ့ပေ။ ဒီနေ့ကျမှသာ သူတို့နှစ်ဦး ဆုံဖူးတာဖြစ်သည်။
ချင်ကျိုးက ပြောလိုက်သည်။
"ကျွန်တော်လည်း ဥက္ကဋ္ဌယွမ်နဲ့ ဒီနေ့မှ ပထမဆုံးအကြိမ် စကားပြောဖူးတာ"
ဒါပေမယ့် အေးဂျင့်က အဲ့ဒီအဖြေကို သိပ်မကျေနပ်ဘဲ စကားခေါင်းစဉ် ပြောင်းလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...