((Zawgyi))
အပိုင်း (၃၂)
နာကျင်မှုနှင့်ရှင်သန်ခြင်း👾👾👾
ချီချီက ဇွဲကောင်းစွာဖြင့် ကားပေါ်မှ နောက်လူတစ်ယောက် ဆင်းလာတာကို စောင့်ကြိုနေသည်။
သို့သော် သူက တံခါးရှေ့တွင် အချိန်အကြာကြီးစောင့်ပြီးတာတောင် ထိုလူက မထွက်လာသည့်အတွက် အနည်းငယ် ရှုပ်ထွေးသွားသည်။
ချီချီက ထိုင်ရာမှထကာ ကားနားတစ်ဝိုက်ကို လှည့်ပတ်လိုက်သည်။ သူက တစ်ချက်တစ်ချက်လည်း ကားဘက်သို့လှည့်ကာ လှမ်းခေါ်ပြီး ဟောင်သေးသည်။ သို့သော် သူ့ကို ဘယ်သူမှ အာရုံမစိုက်လာပေ။
ဟယ့်ရန်သည် အကြည့်လွှဲလိုက်ကာ ဗီလာဆီသို့ ပြန်လှည့်ထွက်ခဲ့သည်။
ဟယ့်ရန်က နလန်ထလူနာခန်းသို့လာကာ ဝှီးချဲပေါ်တွင် ထိုင်နေသည့် လူလတ်ပိုင်း အမျိုးသားနှင့် တွေ့လိုက်သည်။
ထိုလူလတ်ပိုင်းအမျိုးသား၏ မျက်နှာပေါ်၌ လောကဓံ၏ ကြီးမားသောပြောင်းလဲမှုဒဏ်များကို အနည်းငယ်တွေ့မြင်နိုင်သည်။ သူက ပြတင်းပေါက်နားတွင် တစ်ယောက်တည်းထိုင်ကာ အပြင်သို့ ငေးကြည့်နေသည်။
လူလတ်ပိုင်းအမျိုးသားက ခြေသံများကိုကြားတော့ လှည့်ကြည့်ကာ မေးလိုက်သည်။
"အားရွမ်ရော?"
"ဒီနေ့ ရာသီဥတုကောင်းတယ်၊ အားရွမ် အပြင်ထွက်ပြီး ဓာတ်ပုံရိုက်နေမှာ သေချာတယ်"
လူလတ်ပိုင်းအမျိုးသားက အမှတ်တရများထဲတွင် နစ်မြှုပ်နေရင်းက ပြောသည်။
"အားရွမ်ကပြောတယ်၊ မင်းက ဓာတ်ပုံရိုက်ရင် ဘယ်တော့မှမပြုံးချင်ဘူးဆို၊ မင်း အခုထိ........"
ဟယ့်ရန်က ဖြတ်ပြောလိုက်သည်။
"သူသေသွားပြီ"
"သေပြီ?"
လူလတ်ပိုင်းအမျိုးသားက အံ့အားသင့်သွားကာ အချိန်အတော်ကြာမှ အသိပြန်ဝင်လာသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဟုတ်တယ်၊ အားရွမ်ဆုံးသွားတာ (၇)နှစ်ရှိပြီ......."
"သူဆုံးပြီးနောက်ပိုင်း မင်းလည်း ဓာတ်ပုံရိုက်ရတာမကြိုက်တော့ဘူး......"
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...