အပိုင်း (၅၁)

11.6K 1.8K 261
                                    

((Zawgyi))

အပိုင်း (၅၁)
မင်း ချင်ကျိုးမဟုတ်ဘူး

👾👾👾

ချင်ကျိုး ဟိုတယ်ပြန်ရောက်တော့ ညအတော်နက်နေ​လေပြီ။

သူ့ဖုန်းထဲမှာလည်း မဖတ်ရသေးသည့်မက်ဆေ့ တစ်ပုံတစ်ပင်နှင့် သူငယ်ချင်းတွေအားလုံးက သူ့ကို ပန်းအိုးအကြောင်း ဝိုင်းမေးထားကြသည်။

ချင်ကျိုးက မက်ဆေ့စာရင်းကို အောက်ကိုဆွဲချပြီးကြည့်လိုက်သည်။ စူးထန်ကလည်း သူ့ဆီ မက်ဆေ့ပို့ပြီး ထိုအကြောင်းကို မေးမြန်းထားသည်။ သူက စူးထန်ကို တိုက်ရိုက်ဖုန်းပြန်ဆက်လိုက်သည်။

ဖုန်းဝင်သွားသည်နှင့် စူးထန်က ချက်ချင်းမေးလိုက်သည်။

"အဆင်ပြေရဲ့လား? ငါကြားတာ နင် ဥက္ကဋ္ဌဟယ့်အပေါ်အပြစ်လုပ်မိတယ်ဆို?"

"နင်တောင်သိသွားပြီလား? သတင်းပျံ့တာ အဲ့လောက်မြန်လား?"

ချင်ကျိုးက အနည်းငယ် အံ့အားသင့်သွားသည်။

"ဒီလောက်ကြီးတဲ့ကိစ္စ​၊ ဒီနေ့ gp ထဲမှာ အားလုံးက အဲ့ဒါပဲ ပြောနေကြတာ......."

စူးထန်က စိတ်ပူပြီး မေးလိုက်သည်။

"နင် တကယ်ပဲ ဥက္ကဋ္ဌဟယ့်ရဲ့ ရှေးဟောင်းပစ္စည်းကို ခွဲပစ်လိုက်တာလား?"

ချင်ကျိုးက ရှင်းပြသည်။

"ငါလုပ်တာမဟုတ်ဘူး၊ ဘယ်လိုလုပ်ကွဲသွားမှန်း ငါလည်းမသိဘူး၊ ဖြစ်ချင်တော့ အဲ့ဒါက ငါ့ဘေးမှာ ကျကွဲသွားတာ"

အဲ့ဒီပန်းအိုးက သူ့ကြောင့်ကွဲတာမဟုတ်မှန်း သေချာနေသည့်တိုင် တကယ်တမ်း ရှင်းပြသည့်အခါမှာတော့ နားလည်ရခက်နေသည်။ နောက်ဆုံးကျ ပန်းအိုးက သူ့ဘေးနားမှာကျကွဲသွားခဲ့တာကိုး။

"သူတို့အားလုံးပြော​နေကြတာက ပန်းအိုးကို နင်ခွဲလိုက်တာတဲ့"

စူးထန်က သက်ပြင်းချလိုက်သည်။

"အဲ့ဒီပန်းအိုးက နောက်ဆုံး ဖြေရှင်းပြီးသွားပြီလား?"

"တစ်ခုပြန်လျော်ပေးလိုက်ပြီ"

"ပန်းအိုးကဈေးကြီးလား?"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now