((Zawgyi))
အပိုင်း (၃၆)
နွေးထွေးသော ပွေ့ဖက်မှု👾👾👾
ကျန်းလင်သည် ချင်ကျိုး၏ ဓာတ်ပုံများကို ကြည့်ရင်း ချက်ချင်း အံ့ဩမှင်သက်လာသည်။
ဒီကမ္ဘာပေါ်မှာ......... ရုပ်ချင်း တစ်ထပ်တည်းတူတဲ့ သူစိမ်းနှစ်ယောက်ဆိုတာ ရှိနိုင်ပါ့မလား?
ကျန်းလင်သည် ထိုင်ခုံမှာထိုင်လျက်သား ကြောက်အမ်းနေကာ အသိပြန်မဝင်နိုင်သေးပေ။
တကယ်လို့များ အဲ့ဒီအချိန်တုန်းက သူကိုယ်တိုင် မရီးရဲ့ရုပ်အလောင်းကို မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရင်၊ ရုပ်အလောင်း မီး
သင်္ဂြိုဟ်တာကို သူကိုယ်တိုင် မမြင်ခဲ့ရရင်၊ သူ ဒီဓာတ်ပုံထဲကလူကို သူ့မရီးလို့ပဲ ထင်မိမှာ။ကျန်းလင်သည် အလုပ်စားပွဲရှေ့၌ အချိန်အကြာကြီးထိုင်ပြီး ချင်ကျိုး၏ ဓာတ်ပုံများကို အပြန်ပြန်အလှန်လှန်ကြည့်ကာ ကြည့်လေ ပိုတူလေ ဖြစ်လာသည်။
မတူသည့် တစ်ခုတည်းသောအချက်က ချင်ကျိုးနှင့် မရီးသည် ပြုမူပြောဆိုပုံ ဟန်ပန်အမူအရာများ သိပ်မတူကြပေ။
ချင်ကျိုးသည် အနုပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် မိတ်ကပ်ပြင်လိုက်သည့်အခါ မျက်နှာသွင်ပြင်များ ပိုမိုပေါ်လွင်လာသည်ဟု ခံစားရပြီး၊ မရီးကတော့ ရိုးရိုးသာမာန် စန္ဒရားတီးသင်သည့် ဆရာတစ်ယောက်သာဖြစ်ကာ သူ၏အမူအယာများက အနည်းငယ် ညင်သာပျော့ပျောင်းပေသည်။
သို့သော် ကျန်းလင်က မနေနိုင်သဖြင့် သူ့လုပ်ဖော်ကိုင်ဖက်ဘက် လှည့်ပြီး မေးလိုက်သည်။
"ဒီကမ္ဘာပေါ်မှာ ရုပ်ချင်းအရမ်းတူတဲ့ သူစိမ်းနှစ်ယောက်ဆိုတာ ရှိနိုင်လား?"
"ရှိတာပေါ့"
ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်က ခေါင်းညိမ့်လိုက်ကာ အခွင့်အရေးကို အမိအရယူကာ ပြောလိုက်သည်။
"အနုပညာအသိုင်းအဝိုင်းထဲမှာ ရုပ်ချင်းတူတဲ့ စတားတွေမှ အများကြီးပဲ၊ ခဏခဏ တူနေလို့၊ အမြဲတမ်း လွယ်လွယ်နဲ့ လူမှားကြတယ်"
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...