((Zawgyi))
အပိုင်း (၉၀)
ချင်ကျိုးက သူတို့ကို မလိုချင်တော့ဘူး👾👾👾
ချင်ကျိုးက စကားမပြောဘဲ ဦးထုပ်ဆောင်းလိုက်ကာ ဟယ့်ရန်ကို ကြည့်လိုက်သည်။
ဟယ့်ရန်: "ကိုယ် သူ့ကိုသွားပြောလိုက်မယ်"
ဟယ့်ရန်က ချင်ကျိုးကို သိုင်းကြိုးပေးခဲ့ပြီး ဓာတ်ပုံဆရာနှင့် စကားပြောဖို့ ထွက်သွားသည်။
ချင်ကျိုးက မြေကြီးပေါ်မှာငုတ်တုတ်ထိုင်ကာ ချီချီခေါင်းကို ပွတ်သပ်ပေးနေသည်။
သိပ်မကြာခင် ဟယ့်ရန် ပြန်ရောက်လာသည်။
"ဓာတ်ပုံကိုဖျက်လိုက်ပြီ"
"အင်း"
ချင်ကျိုးက မတ်တပ်ထကာ ဟယ့်ရန်ကို သိုင်းကြိုးပြန်ပေးလိုက်သည်။
မလှမ်းမကမ်းမှ ဓာတ်ပုံဆရာသည် သူတို့နှစ်ဦးကို နှမြောတသဖြင့် လှမ်းကြည့်ကာ နောက်ဆုံးမှာ လှည့်ထွက်သွားသည်။
ချင်ကျိုးကလည်း ဟယ့်ရန်ကို ပြောလိုက်သည်။
"ကျွန်တော် ပြန်တော့မယ်"
ချင်ကျိုးက စတော်ဘယ်ရီအိတ်ကိုသယ်ကာ စားသောက်ဆိုင်သို့ပြန်ခဲ့သည်။
👾👾👾
နောက်တစ်နေ့မနက် ချင်ကျိုးထွက်ပြီး ဆိုင်ခင်းတော့ ချီချီနဲ့ ထပ်တွေ့ပြန်သည်။
ဒီတစ်ခါတော့ အိမ်တော်ထိန်းကြီးက ချီချီကို အပြင်ခေါ်လာပြီး အရင်အတိုင်း ဖက်ထုပ်ပြုတ်တစ်ပွဲမှာခဲ့သည်။
ချင်ကျိုးက မီးဖိုခန်းပြန်ကာ ဖက်ထုပ်ပြုတ်လုပ်ပြီး အေးဂျင့်ကိုရှာ၍ ပိုက်ဆံအိတ်တောင်းလိုက်သည်။
ချင်ကျိုးက ဖက်ထုပ်ပြုတ်ကို ကောင်းမွန်စွာ ထုပ်ပိုးကာ အိမ်တော်ထိန်းကို ပေးလိုက်သည်။
ထိုအချိန်တွင် ကင်မရာသမားက သူ့ဘေးက ဖေးယွမ်ကို ရိုက်ကူးနေသဖြင့် ချင်ကျိုးက ဘယ်သူမှသတိမထားမိတာကို အခွင့်ကောင်းယူကာ မိုက်ခရိုဖုန်းကို အုပ်လိုက်ပြီး မနေ့က စတော်ဘယ်ရီိဖိုးပိုက်ဆံကို အိမ်တော်ထိန်းကို ပြန်ပေးလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...