((Zawgyi))
အပိုင်း (၁၁၄)
ကြေးမုံမှန်ကွဲ (၁) - အချိန်ရတယ်
👾👾👾
(T/N - မှန်ကွဲတယ်ဆိုတာ လင်မယားချင်းကွဲနေတာ၊ ကွာရှင်းထားတာမျိုးကို တင်စားခေါ်တာပါ)
လူတစ်စုက ဆူဆူညံညံနဲ့ ခန်းမထဲမှထွက်ကာ အနီးအနားက အသားကင်ဆိုင်တစ်ဆိုင်မှာ ညလယ်စာသွားစားဖို့ ပြင်သည်။
ခန်းမအပြင်ဘက်မှာတော့ ပန်းခြံလေးတစ်ခုရှိနေသည်။ ရွှီချန်ရန့်က လူအုပ်နောက်ကလိုက်ရင်း အမှတ်တမဲ့ခေါင်းမော့ကြည့်လိုက်တော့ ဥယျာဉ်လေးထဲမှာ လူရိပ်တစ်ခုကို ရုတ်တရတ် သတိထားမိသွားသည်။
ရွှီချန်ရန့် ခဏလောက်တော့ အံ့အားသင့်သွားသည်။ သူက ထိုလူ့နောက်ကျောကို စက္ကန့်အနည်းငယ်ကြာအောင် ငေးစိုက်ကြည့်နေပြီးမှ အသိပြန်ဝင်ကာ စူးထန်ကို လှမ်းပြောလိုက်သည်။
"စူးစူး၊ နင်တို့ အရင်သွားနှင့်၊ ငါ ကိစ္စလေးရှိလို့ ခဏနေ လိုက်ခဲ့မယ်"
"အိုကေ"
စူးထန်က ခေါင်းညိမ့်ပြကာ အရင်ထွက်သွားသည်။
ရွှီချန်ရန့်က ပန်းခြံဆီ လျှောက်သွားကာ ထိုလူအနားသို့ တဖြည်းဖြည်း နီးကပ်သွားသည်။
ပန်းခြံထဲမှာ ထိုလူက တစ်ယောက်တည်း လမ်းမီးတိုင်အောက်မှာ မတ်တပ်ရပ်နေသည်။ သူ့လက်ချောင်းထိပ်မှာ အနီရောင်မီးပွားလေးတစ်စ တောက်လောင်နေပြီး သူ့ကြည့်ရတာ အနားကို လူတစ်ယောက် ချဉ်းကပ်လာမှန်းတောင် သတိထားမိပုံမပေါ်။
ရွှီချန်ရန့်က ထိုလူ၏ကျောပြင်ကို ကြည့်ကာ ခပ်တိုးတိုးခေါ်လိုက်သည်။
"ဟယ့်ရန်"
ဟယ့်ရန်က အသံကြားလိုက်တော့ မသိစိတ်ကနေ လက်ထဲက စီးကရက်ကို အလိုလိုငုံ့ကြည့်လိုက်သည်။
သူက ဆေးလိပ်မီးသတ်လိုက်ပြီးမှ အနောက်ကိုလှည့်ကြည့်လာသည်။
ရွှီချန်ရန့်က ဟယ့်ရန်အနားသွားကာ ပြုံးလိုက်ပြီး:
"ခင်ဗျားကို ခုနက အထဲမှာ မတွေ့လို့ ပြန်သွားပြီတောင် ထင်တာ"
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...