((Zawgyi))
အပိုင်း (၇၂)
အစားထိုးတစ်ယောက်ရှာထားတာလား👾👾👾
အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်သွားကာ နှစ်ဦးစလုံး စကားထပ်မပြောဖြစ်ကြပေ။
အချိန်အတော်ကြာပြီးနောက် ချင်ကျိုးက ခေါင်းမော့ကာ မနှေးမမြန်ပြောလိုက်သည်။
"ဥက္ကဋ္ဌဟယ့်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ၊ ကျွန်တော်အလုပ်လုပ်ရဦးမယ်"
ဟယ့်ရန်သည် လက်ကိုမလွှတ်ဘဲ အလွန် ပိုင်ဆိုင်လိုစိတ်ပြင်းပြသည့်ဟန်ဖြင့် လူငယ်လေးအား သိုင်းဖက်လိုက်ကာ:
"နောက်တော့ အဲ့ဒီလူနဲ့ sex scene ဆက်ရိုက်မယ်ပေါ့လေ?"
"မဟုတ်လို့ရော?"
ချင်ကျိုးက ခဏမျှ ခပ်အုပ်အုပ်ရယ်ကာ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
ဟယ့်ရန်က ထောက်ပံ့သူဖြစ်သည်မှာ ထင်ရှားသော်လည်း ချင်ကျိုး၏ အနေအထားက ဟယ့်ရန်ထက်ပင် ပို၍မြင့်မားနေသည်။
ဒါက လောင်းကစားပွဲတစ်ခုလိုပင်။ --
လောင်းကစားသူ ဟယ့်ရန်သည် ရှိသမျှတုံကင်များအားလုံးကို ပုံအောလောင်းကြေးထပ်ထားသော်လည်း ချင်ကျိုးကတော့ လက်ထဲမှာ ကတ်အကောင်းတွေချည်းကိုင်ကာ စိတ်တိုင်းကျ ဆော့ကစားနေသည်။
နောက်ဆုံးတော့ ဟယ့်ရန်ကသာ အရင် အရှုံးပေးလိုက်ရသည်။
"မရိုက်ပါနဲ့"
ဟယ့်ရန်က သူ့လက်မောင်းများကို အနည်းငယ် တင်းကြပ်လိုက်ကာ ရင်ခွင်ထဲကလူကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ခေါင်းငုံ့၍ လူငယ်လေး၏ ပုခုံးပေါ်၌ မှီတွယ်လိုက်သည်။
ချင်ကျိုးက အေးအေးလူလူပင် ပြောသည်။
"ကျွန်တော်က သရုပ်ဆောင်လေ၊ sex scene တွေ၊ kiss scene တွေရိုက်ရတာ အားလုံးပုံမှန်ပဲ"
"ဒါက ကျွန်တော့်အလုပ်၊ သရုပ်ဆောင်ရုံ သက်သက်ပဲ"
ချင်ကျိုးက ဖြည်းဖြည်းချင်း ခေါင်းလှည့်လာကာ သူ့ရှေ့က အမျိုးသားအား တွန်းဖယ်ဖို့ ကြိုးစားသော်လည်း ရုတ်တရတ် သူ့မေးစေ့ကို တင်းကြပ်စွာ ဖျစ်ညှစ်ခံလိုက်ရသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...