((Zawgyi))
အပိုင်း (၁၃၇)
ကြေးမုံမှန်ကွဲ (၂၅)
ကိုယ်မင်းပြန်အလာကိုစောင့်နေမယ်။👾👾👾
"ဟယ့်ရန်"
ရွှီချန်ရန့် မိမိလက်သူကြွယ်ပေါ်ကလက်စွပ်ကိုကြည့်ရင်း ညင်သာစွာမေးလိုက်၏။
"ခင်ဗျားနေရာမှားဝတ်တာလား။"
"မှားနေလို့လား။"
ဟယ့်ရန်၏မျက်နှာအမူအရာက အလွန်သဘာဝကျလှသည်။ သူ့အတွက် မိမိလက်သူကြွယ်ပေါ်လက်စွပ်ဝတ်ပေးရသည်က မှားယွင်းသည့်ကိစ္စဟုလုံးဝယူဆထားပုံမရပေ။
ရွှီချန်ရန့် လက်ဆန့်၍လက်စွပ်ကိုချွတ်ဖို့လုပ်လိုက်သည်။
သို့သော်ဟယ့်ရန်က လူငယ်လေးလက်ကိုလှမ်းကိုင်ကာပြော၏။
"ဝတ်ထားပြီးပြီပဲ၊ ချွတ်စရာမလိုပါဘူး။"
"ဒါ ကလေးလက်စွပ်လေးလေ၊ ခင်ဗျားက ကျွန်တော့်ကိုဝတ်ထားစေချင်တာလား။"
ရွှီချန်ရန့်ရယ်လိုက်၏။
"ဒါဆိုအခုချက်ချင်း လက်စွပ်တစ်ကွင်းသွားဝယ်လိုက်ရမလား။"
ဟယ့်ရန်ကမေးသည်။
ရွှီချန်ရန့်ချက်ချင်းမဖြေဘဲ ပြန်မေးလိုက်သည်။
"ခင်ဗျားဒီလိုကိစ္စမျိုးကို ဒီလိုနေရာမှာဆွေးနွေးချင်တာသေချာရဲ့လား။"
ဟယ့်ရန်အသံတိတ်သွားကာ ဘေးဘီကိုကြည့်လိုက်၏။ ထိုအခါ ရှောင်ချန်ကသူ့ကိုခေါင်းမော့ကြည့်နေတာတွေ့ရသည်။
လက်စွပ်ကိစ္စကို အပြင်မှာဆွေးနွေးဖို့ တကယ်ကိုမသင့်တော်လှပေ။
သို့နှင့်ဟယ့်ရန်ကဆိုသည်။
"ဒီညအိမ်ပြန်ရောက်ရင် ကိုယ်တို့ဒီအကြောင်းထပ်ဆွေးနွေးကြမယ်။"
ဟယ့်ရန်က လူငယ်လေးခေါင်းနောက်စေ့ကိုညင်သာစွာပွတ်သပ်လိုက်၏။ ထို့နောက် ဘေးပတ်ဝန်းကျင်မှာဘယ်သူမှမရှိတုန်း လူငယ်လေး၏ပါးကိုအသာဖိကပ်နမ်းရှိုက်လိုက်သည်။
သူတို့နံဘေးရှိရှောင်ချန်က လူကြီးနှစ်ယောက်အားစိတ်ဝင်တစားစိုက်ကြည့်နေရာမှ ပြောလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...