အပိုင်း (၄၀)

12.2K 1.5K 111
                                    

((Zawgyi))

အပိုင်း (၄၀)
ဖိတ်ကြားစာ

👾👾👾

လကုန်သည့်အခါ ဟယ့်ရန် အိမ်အဟောင်းသို့ ပြန်ခဲ့သည်။

ချီချီသည် ခြံဝန်းအနှံ့ အားရအောင် ပြေးလွှားဆော့ကစားနေရင်း ဟယ့်ရန်၏ ကားကိုမြင်တော့ အရင်လို အနားသို့ ပြေးလာကာ တစ်ပတ်ပတ်လိုက်သည်။

ဟယ့်ရန်က ချီချီကို ကွေ့ပတ်ဖြတ်ကျော်ကာ နားနေခန်းသို့ လာခဲ့သည်။

ဖခင်ကြီးဟယ့်သည် ဝှီးချဲပေါ်မှာထိုင်ကာ ဂိုကစားနည်းကို တစ်ယောက်တည်း ကျားကွက်ချနေရင်းက မေးလိုက်သည်။

"အားရွမ်ရော?"

ဟယ့်ရန် ပြန်မဖြေရသေးခင်မှာ ဖခင်ကြီးဟယ့်က ရုတ်တရတ် စဉ်းစားမိသွားကာ တီးတိုးပြောလိုက်သည်။

"ငါ သတိရပြီ၊ သူမက ဆုံးသွားပြီပဲ"

ဟယ့်ရန်သည် အနားသို့ လျှောက်လာပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ သူက ဘယ်ဘက်လက်ဖြင့် အမည်းရောင် ကျားကွက်စေ့တစ်ခုကိုယူကာ ကျားကွက်ခုံပေါ်၌ နေရာချလိုက်သည်။

ထိုအခါ ဖခင်ကြီးဟယ့်က ဟယ့်ရန်လက်မှာဝတ်ထားသည့် လက်စွပ်လေးကို သတိထားမိသွားကာ အနည်းငယ် သိလိုစိတ်ဖြင့် ပြောလိုက်သည်။

"ဘယ်တုန်းက လက်ထပ်လိုက်တာလဲ?"

ဟယ့်ရန်က ခပ်ဖွဖွ​ပြောသည်။

"မလုပ်ရသေးဘူး"

"ဒါဆို စေ့စပ်ထားတာပေါ့?"

ဖခင်ကြီးဟယ့်၏ မှတ်ဥာဏ်များက အနည်းငယ် ရှုပ်ထွေးနေဆဲပင်။ သူက ခဏလောက် ပြန်သတိရသွားကာ မေးလိုက်သည်။

"အဲ့ဒါ မင်းနောက်ဆုံးတစ်ခေါက်က အိမ်ခေါ်လာတဲ့ ဟိုစန္ဒရားတီးသင်တဲ့ဆရာ မဟုတ်လား?"

ဟယ့်ရန်က ပြန်မဖြေဘဲ နှုတ်ဆိတ်ထောက်ခံသည့်အလား နောက်ထပ်ကျားကွက်စေ့တစ်ခုကိုသာ ထပ်မံနေရာချလိုက်သည်။

"သိပ်ကောင်းတယ်"

ဖခင်ကြီးဟယ့်က ရယ်မောလိုက်သည်။

"မင်း လက်ထပ်တော့မယ်၊ အားရွမ်လည်း သေချာပေါက် အရမ်းဝမ်းသာမှာ"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now