((Zawgyi))
အပိုင်း (၇၃)
ဘာတွေဟန်ဆောင်နေတာလဲ👾👾👾
ဦးထုပ်ဆောင်းထားသည့် ထိုလူငယ်လေးက အမျိုးသား၏နံဘေးသို့ ရောက်လာသည်။
ချီသခင်လေးက ဘာမှသိပ်မမေးတော့ပေ။
နောက်ဆုံးကျတော့ သူတို့အသိုင်းအဝိုင်းထဲမှာ အစားထိုးလူရှာတာ၊ ချစ်သူရည်းစားရှာတာမျိုးတွေက အလွန်ပုံမှန်ပင်ဖြစ်သည်။
ချီသခင်လေးက နောက်တစ်ခါထပ်မေးလိုက်သည်။
"ဟယ့်သခင်လေး၊ မနက်ဖြန် တကယ်မလာတော့ဘူးလား? အားလုံး အတူတူမဆုံရတာ ကြာလှပြီလေ"
ဟယ့်ရန်ကတော့ အဖြေပေးလိုက်သည်။
"မသေချာဘူး"
ပြောပြီးတာနဲ့ ဟယ့်ရန်က သူ့ဘေးနားက လူငယ်လေးကို လှမ်းကြည့်လိုက်ကာ:
"ဘာဖြစ်လို့လဲ?"
ချင်ကျိုး: "ကျွန်တော် ပြန်တော့မယ်"
"ကိုယ် မင်းကိုလိုက်ပို့မယ်"
ဟယ့်ရန်က လှည့်ထွက်လာကာ ချင်ကျိုးကို အရင်ပြန်လိုက်ပို့လိုက်သည်။
ချီသခင်လေးက ဟယ့်ရန် အဝေးသို့လျှောက်သွားတာမြင်မှ ရှန်ရှိုးကျူကို မေးလိုက်သည်။
"ဟယ့်သခင်လေးဘေးက အဲ့ဒီလူက ဘယ်သူလဲ? ရန့်ရန့်နဲ့ အဲ့လောက်တောင် တူနေတယ်......"
"သေချာမသိဘူး"
ရှန်ရှိုးကျူက ခေါင်းကို အနည်းငယ်ငုံ့ကာ မျက်ဝန်းထဲမှ စိတ်ခံစားချက်များကို ဖုံးကွယ်လိုက်သည်။
"ကြည့်ရတာ ကြယ်ပွင့်လေးတစ်ယောက် ဖြစ်မယ်"
ချီသခင်လေးက ခေါင်းညိမ့်လိုက်ကာ သိပ်အလေးအနက်မထားတော့ပေ။
ကြယ်ပွင့်လေးတစ်ယောက်ပါပဲ။
👾👾👾
ကားပေါ်၌။
ချင်ကျိုးက ကားထိုင်ခုံကိုမှီရင်း မျက်လုံးများကိုမှိတ်ကာ အနားယူနေသည်။
ဟယ့်ရန်က သူ့ဘေးနားမှာရှိနေကာ မေးလိုက်သည်။
"မနက်ဖြန် ပါတီတစ်ခုရှိတယ်၊ မင်း လာချင်လား?"
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...