((Zawgyi))
အပိုင်း (၁၁၉)
ကြေးမုံမှန်ကွဲ (၆) - နေမကောင်းဖြစ်ပြီ👾👾👾
နှုတ်ခမ်းသားတွေပေါ်မှာ နူးညံ့နွေးထွေးတဲ့ အထိအတွေ့ကို ခံစားလိုက်ရတဲ့အခိုက်။
ရွှီချန်ရန့် ခဏကြောင်သွားပြီးမှ ဟယ့်ရန်ပါးကို နမ်းလိုက်မိမှန်း သိသွားသည်။ သူက ချက်ချင်း ခေါင်းပြန်လှည့်ပြီး နှုတ်ခမ်းနဲ့ ထိနေတာကို ရှောင်ပြီး ခေါင်းငုံ့ကာ နည်းနည်းရှက်သွားသည်။
ဟယ့်ရန်က ဘာတုန့်ပြန်မှုမှမပြ၊ ရှေ့ကလူငယ်လေးကိုသာ ကြည့်မြဲအတိုင်း ဆက်ကြည့်နေသည်။ သူက လူငယ်လေးခြုံထားတဲ့ကုတ်အင်္ကျီ အောက်နည်းနည်းလျှောနေတာမြင်တော့ လက်ဆန့်ကာ ကုတ်အင်္ကျီကို အပေါ်ပြန်ဆွဲခြုံပေးလိုက်သည်။
ရွှီချန်ရန့်က သူ့ကိုယ်ပေါ်ခြုံထားတဲ့ ကုတ်အင်္ကျီကို ငုံ့ကြည့်ပြီး လက်မြှောက်ကာချွတ်ဖို့်ပြင်လိုက်ရင်း:
"ခင်ဗျားအင်္ကျီ"
ဒါပေမယ့် ဟယ့်ရန်က လူငယ်လေးကို လှမ်းတားလိုက်ကာ:
"ဝတ်ထား"
ရွှီချန်ရန့်က ဟယ့်ရန်ကိုပြန်မော့ကြည့်ပြီး ကိုယ်မှာ အဝတ်ပါးပါးပဲ ဝတ်ထားတာမြင်တော့ မေးလိုက်သည်။
"ခင်ဗျား မချမ်းဘူးလား?"
"မချမ်းဘူး"
ဟယ့်ရန်က လူငယ်လေးရှေ့မှာရပ်ကာ လူငယ်လေးဝတ်ထားတဲ့ အပေါ်ကုတ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးရင်း ဖွဖွလေးပြောသည်။
"ကလေးက ကျန်းမာရေးချူချာတော့ အအေးမိလွယ်တယ်လေ"
ရွှီချန်ရန့်က အဲဒီစကားကိုနားထောင်ပြီး စက္ကန့်အနည်းငယ်ကြာမှ 'ကလေး' ဆိုတာ သူ့ကိုပြောနေမှန်း သဘောပေါက်သွားသည်။
သူက နည်းနည်းမျက်မှောက်ကြုတ်လိုက်ရင်း:
"ကျွန်တော် အအေးမမိပါဘူး"
ဟယ့်ရန်ကတော့ အေးဆေးပဲ ပြန်ပြောသည်။
"ပြီးခဲ့တဲ့တစ်ခေါက် ဖျားတုန်းက ဆေးမသောက်တာ ဘယ်သူလဲ?"
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...