ကယ်ဆယ်ရေးများရောက်ရှိလာပြီး မင်အာကို ကယ်တင်ခဲ့ကြတာပေါ့။
ဝှီး..ယွန်...ဝှီး...ယွန်
ဆရာဝန်များ;လမ်းရှင်းထားကြ။....လမ်းရှင်ထားကြ။
နက်စ်မ:ဆရာ နှလုံးမခုန်တော့ဘူး။
ဆရာဝန်:နှလုံးနှိုးမယ်။ အားကို ၁၄၀ထိ ထားလိုက်။
ရှိနေသေးသော သတိအနဲအငယ်နဲ့ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
မင်အာ:ငါ ဘယ်ကို ရောက်နေတာပါလိမ့်။
တီ...တီ...တီ
နက်စ်:နှလုံးခုန်ရပ်သွားပါပြီ။.....
—————
နောက်နေ့မနက်၌
မင်အာ:အာ....ကျွတ်ကျွတ် ငါ့ခေါင်း။ အား.... ခေါင်းကိုက်လိုက်တာ။
မင်အာတစ်ယောက် သတိရရချင်း မျက်လုံးဖွင့်လိုက်ကာ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေခဲ့တာပေါ့။
မင်အာ:မနေ့ညက ဆိုဂျူသောက်ထားတဲ့အရှိန်နဲ့ ခေါင်းက လုံးဝကို ထောင်လို့ကိုမရဝူး။ ဒါနဲ့ ငါမသေဘူးပဲ။ ဟူး...တော်ပါသေးရဲ့။ ဒါနဲ့ ငါ...ငါ ဘယ်ရောက်နေတာပါလိမ့်။
ဘေး၌ အခုခေတ်နှင့် လုံးဝမတူသော မြင်ကွင်းတစ်ခု။ ကျွန်းမှန်တင်ခုံ တစ်ခုရှိပြီး အလွန်လှပတဲ့ ကြွေပန်းအိုးများ ဘေးနံရံမှာဆိုရင် မက်မွန်ပန်းထိုးထားတဲ့ လိုက်ကာများ ကာထားတာပေါ့။ ထိုအချိန် အခန်းတွင်းသို့ ဝင်လာသော နန်းတွင်းသူတစ်ယောက်က....
နန်းတွင်းသူအွန်းလေး:မယ်...မယ်မယ် သတိရလာပါပြီလား။ စိတ်ပူနေခဲ့ရတာ။ မယ်မယ်...ခဏလေးနေတော်မူပါနော်။ ကျွန်တော်မျိုးမ ဒီအကြောင်း အထိန်းတော်အိုကို သွားလျှောက်တင်လိုက်ပါအုံးမယ်။
မင်အာ:ဒီမှာ....ခ....ခဏ...
နန်တွင်းသူဟာ မင်အာစကားတောင် နားမထောင်ပဲ ချက်ချင်းအပြေး ထွက်သွားတော့သည်။
မင်အာ:ဘာလား။ ငါ...ငါဘယ်ရောက်နေတာပါလိမ့်။ မနေ့ညက....ငါရေနစ်ပြီး... ဘာဆက်ဖြစ်ခဲ့.....အမျိုးသမီးတစ်ယောက်....အား ငါ့ခေါင်း။
ခဏအကြာ အထိန်းတော်ကြီးနဲ့အတူ နန်းတွင်းသူတွေ အများရီး ရောက်ချလာပါတော့သည်။ မိန်းမစိုးဂင်ပါ ပါသေး။
YOU ARE READING
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
