အဆောင်တွင်း မီးရောင်သဲ့သဲ့လေးထွန်းပြီး ဇိမ်ခံကာ လက်ဖက်စိမ်းအခါးရည်သောက်နေသော မယ်တော်ခေါင်ကြီးဆီသို့ အထိန်းတော်ကြိးရောက်လာခဲ့သည်။
အထိန်းတော်ကြီး:မယ်မယ် မင်းကြီးနတ်ရွာစံသွားပါပြီ။
ထိုစကားကြောင့် သောက်လက်စခွက်ကို ချကာ အထိန်းတော်ကြီးဆီသို့ မျက်လံုးအိမ်ရောက်သွားခဲ့သည်။
မယ်တော်ခေါင်ကြီး:ဘယ်လို? ဟ! လှုပ်ရှားတာမြန်လှချည်လား။ ခီရယ် နတ်ရွာစံသွားပြီဆိုတော့လည်း ပူဆွေးခြင်း အခမ်းအနား စီစဉ်ပေးရအုံးမှာပေါ့။ ဒီချိန် မိဖုရားခေါင် ဘယ်လိုဖြစ်နေမလဲဆိုတာ သိချင်လို့ ရူးတော့မှာဘဲ ဟဟ
ထိုချိန် အဆောင်တွင်းသို့ ဘဏ္ဍာရေးဝန်ကြီးရောက်ရှိလာခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး:အရိုအသေပြုပါတယ် မယ်မယ်။ သတင်းကောင်းကို ကြားပြီးပါပြီလား။
မယ်တော်ခေါင်ကြီး:ခိရယ် ကြားပြီးပြီ။ မင်းကိုဒီအတွက် နောက်ဘုရင်လက်ထက်ကျရင် ရာထူးကောင်းကောင်းပေးမယ်။
ဘဏ္ဍာရေးဝန်ကြီး: မဟုတ်တာပါ မယ်မယ်။ အခုလိုမျိုး မယ်မယ်အနီးအပါးမှာ ခစားနေရတာနဲ့တင် ကျေနပ်လှပါပြီ။ အခုက ကျတော်မျိုးရဲ့ သားတော်ရဲ့ စွမ်းဆောင်ရည်ပါ။
မယ်တော်ခေါင်ကြီး:အော် အဲ့လိုကိုး။ ဒါဆိုလဲ မင်းရဲ့သားကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ရမှာပေါ့။ ဒါနဲ့ သေသေချာချာရော လုပ်ခဲ့ရဲ့လား
ဘဏ္ဍာရေးဝန်ကြီး:ရဲ့ စိတ်ချပါ မယ်မယ် အကုန်စေ့စပ်အောင်လုပ်ခဲ့ပါတယ်။
မယ်တော်ခေါင်ကြီး:ပြီးတာပါပဲ ဟူး စိတ်ကိုကြည်လင်သွားတာဘဲ စျာပနကိုတော့ မနက်မှဘဲ သွားကြည့်ပေးလိုက်တော့မယ်။
ဒါကိုကြားတော့ မယ်တော်ခေါင်ကြီး တစ်ယောက် ပြံုးသွားကာ သောက်လက်စ လက်ဖက်ရည်ကြမ်းကို ဆက်သောက်နေလိုက်တော့သည်။ ထိုနန်းဆောင်မှာတော့ အပြုံးတွေဖြာနေပေမဲ့ နန်းတော်တစ်ခုလုံးဟာတော့ ပူဆွေးမှုတွေနှင့် ပြည့်နှက်နေတော့သည်။
ဆော့ဂျင်:ဒဲ့? မင်းကြီးနတ်ရွာစံသွားပီ ဟုတ်လား!
ဆော့ဂျင်မယုံနိုင်စွာ ဖြစ်နေခဲ့သည်။ ဒီတလောအတွင်း ဖြစ်ပျက်ခဲ့တာအကုန် တည်ငြိမ်နေတဲ့ ပင်လယ်ထဲ မုန်တိုင်းဝင်တိုက်ခတ်သွားသလိုမျိုးကျ တက်ချည်းအမြင့် ကျချည်းအနက်နဲ့မို့ သူထိတ်လန့်နေရသည်။ တစ်ဖန်သူစဉ်းစားမိပြန်တာက ယွန်းအာကိုပင်။ အခုချိန် ယွန်းအာဘယ်လောက်တောင် ယူကြုံးမရ ဖြစ်နေလိုက်မလဲ။ မင်းကြီးမျက်နှာကိုပဲ ကြည့်ပြီးရှင်သန်လာတဲ့ သူမအတွက် နန်းတော်က ပိုပြီး ခြောက်ခြားလာစေတော့မှာတော့အမှန်။
VOCÊ ESTÁ LENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanficကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...