ကောင်းကင်ကြီးပြိုသလိုမျိုး တစ်ညလုံး အညိုးကြီးစွာ ရွာသွန်းခဲ့သော မိုးအပြီးတွင် ရောင်စင်ဖြာနေတဲ့သက်တန့်ကြီးနှင့် နေမင်းကြီးကလည်း ထွက်ပေါ်လာခဲ့သည်။
ဂျောင်ကုpov;
ပြီးသွားခဲ့ပြီ!..အခု အရာအားလုံးကို အဆုံးသတ်နိုင်လိုက်ပြီ။ ဖခမည်းတော် မယ်တော်တို့အတွက် ညီနောင်တွေအတွက် ပြီးတော့ မိဖုရားအတွက် အားလုံးအတွက် တရားမျှတမှုကို ယူနိုင်ခဲ့ပြီ။ အခုတော့ ပျော်ရွှင်စရာတွေနဲ့ဘဲ ငါ့ဘဝကိုအလှဆင်တော့မယ်...ငါရယ်..မိဖုရားရယ်...ပြီးတော့ ငါရဲ့ထီးနန်းဆက်ခံသူလေးရယ်...ပြာလဲ့နေတဲ့ကောင်းကင်ကြီးကိုကြည့်ကာ စိတ်ထဲမှပြောနေမိခြင်းဖြစ်သည်။
ထယ်ယောင်း:ချောနား ဘာတွေများအဲ့လောက် တွေးနေရတာပါလဲ?
ဂျောင်ကု:အာညီးဟယ်ယို...ဒါနဲ့..ကိုယ်ရံတော်ဂင်လည်း ပင်ပန်းခဲ့ရပါပြီ...မင်းလဲ ဒီပွဲမှာ တာဝန်ကျေခဲ့ပါတယ်...
ထယ်ယောင်း:မဟုတ်တာ..ကျတော်က ချောနားအတွက် များများစားစား ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ အနည်းဆုံးချောနားကိုတောင် မကာကွယ်နိုင်ခဲ့ဘူးမလား?
ဂျောင်ကု:မကာကွယ်ခိုင်းခဲ့တာပါ။...မင်းထိခိုက်မှာစိုးလို့ မကာကွယ်ခိုင်းခဲ့တာ...ငါသာမရှိတော့ရင် ထယ်ယောင်း မင်းကတော့ ယွန်းအာကို ကာကွယ်ပေးရမယ်မလား?...ဒါကြောင့် ငါမကာကွယ်ခိုင်းခဲ့တာပါ...
ဒီလိုရင်းရင်းနှီးနှီးမသုံးတာကြာလှပြီဖြစ်သဖြင့် ထယ်ယောင်းတစ်ယောက် သူ့နံမယ်လေးကို ဂျောင်ကုခေါ်ရုံနှင့်ပင် ကျေနပ်နေမိသည်။
ထယ်ယောင်း:ဒါနဲ့ ချောနား မနက်ဖြန်ကျ မယ်မယ်ရဲ့ မိဘတွေနန်းတော်ကိုလာမယ်ထင်ပါတယ်...မယ်မယ်ရဲ့ နန်းမွေနန်းလျာကိစ္စကို ကျတော်မျိုး မိဘတွေဆီစာပို့လိုက်တာကြောင့် ဂုဏ်ပြုဖို့ လာကြမယ်နှင့်တူပါတယ်...
ဂျောင်ကု:အာ..ဟုတ်လား? ယောက္ခမတော်တို့တော့ ပျော်နေတော့မှာဘဲ...
ထယ်ယောင်း:နောက်ကျနေပြီမှန်းသိပေမဲ့ ကျတော်မျိုး ထပ်ပြီး ဂုဏ်ပြုပါတယ် ချောနား...မကြာခင် ချောနားက ခမည်းတော်ဖြစ်လာတော့မှာလေ...
![](https://img.wattpad.com/cover/296629704-288-k295748.jpg)
YOU ARE READING
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...