episode 6

577 83 21
                                    

မင်အာ:အာ..ညောင်းလိုက်တာ။ ၅အင် မပြည့်သေးဝူးလား။

အထိန်းတော်အို:ပြည့်ပါတော့မယ်။ ခဏလေးပဲကျန်ပါတော့တယ်။

တောင် တောင်

မင်အာ:ပြည့်ပြီ။ ပြည့်ပြီဟုတ်...yes ဒါပဲကွ။ အမလေး နောက်ဆုံးတော့ အချုပ်အနှောင်ကြီးကနေ လွတ်သွားပြီ။ ဟဟ

မင်အာတစ်ယောက် စာသင်ချိန်ပြည့်တာနဲ့ အပျော်ကြီးပျော်ကာ ခုံပေါက်ပစ်လိုက်တော့သည်။ နောက်တော့ ဗိုက်ဆာတယ်ဆိုပြီး နန်းတွင်းသူတွေ ပြင်ဆင်ပေးတာစားလိုက်တာပေါ့။ အဲ့ကစပြီး တနေ့လုံး ဘာလုပ်စရာမှ မရှိတော့ပဲ ပျင်းလာပါတော့သည်။

မင်အာ:အာ ပျင်းလိုက်တာ။ အွန်းလေးရေ ငါအရမ်းပျင်းနေပြီ။ ဘာလုပ်ရင်ကောင်းမလဲဟင်.

အွန်းလေး:ဒါဆို မယ်မယ် ပန်းထိုးပါလား။

မင်အာ:ပန်း? အော် ပန်းအိုးထိုးတာ ပြောတာလား။

အွန်းလေး:အညီးဟယ်ရော် လက်ကိုင်ပုဝါမှာ ပန်းပွင့်ထိုးတာကို ပြောတာပါ။

မင်အာ:ဟင် အာ...ဒါလား။ ဒါကို ငါdramaတွေထဲ မင်းသမီးတွေ လုပ်ပြတာတော့ မြင်ဖူးတယ်။ ကိုယ်တိုင်တော့ မစမ်းဖူးသေးဘူး။

အွန်းလေး:ဟင် မယ်မယ်အရင်က ပန်းထိုးဖူးတယ်လေ။ ဒါနဲ့ ဒ...ဒရမ်? အဲ့တာ ဘာကြီးလဲဟင်။

မင်အာ:အော် dramaကို ပြောတာလား။ အဲ့တာက ဘယ်လိုလဲဆိုတော့ လူ့ဘဝနေထိုင်ပုံတွေကို ကင်မရာနဲ့ရိုက်ပြီး မှတ်တမ်းထင်ထားတာလေ။ အချစ် အမုန်း အလွမ်း ရသစုံကို တပြိုင်နက်ခံစားရစေတယ်။

မင်အာကတော့ အသေအချာရှင်းပြနေပေမဲ့ အွန်းလေးခမျာတော့ မျက်လူံးလေးအဝိုင်းသားနဲ့ ဘာမှနားမလည်။ ဒါမဲ့လဲ ဆက်ပြောလေ ပိုရှုပ်လေပဲ ဖြစ်မှာဆိုတာသိတော့ ဘာမှမပြောတော့ပဲ နားလည်သလိုနဲ့ စကားလမ်းကြောင်းလွှဲရတော့သည်။

အွန်းလေး:အာ...အဲ့လိုကိုး။....မယ်မယ်ဒီမှာပါ။ ပန်းထိုးဖို့။ စမ်းလုပ်ကြည့်လေ။မယ်မယ်က အရင်ကလဲ ထိုးဖူးတယ်ဆိုတော့ ချက်ချင်းပြန်လုပ်တတ်လာမှာပါ။

မင်အာ:နင် ငါပြောတာ နားလည်တယ်ဆိုတဲ့သဘောလား။ ဟ ငါထင်သားပဲ။ငါကတော်တယ်လေ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now