Episode 46

125 10 0
                                    

ဆော့ဂျင်တစ်ယောက် ယွန်းအာနန်းဆောင်ရှိရာသို့ လျှောက်လာခဲ့သည်။ ထူးထူးခြားခြား သူ့နောက်မှာ အခြွေအရံတွေပါမလာဘဲ ယွန်းအာနန်းဆောင်ရှေ့တွင်လည်း အခြွေအရံတွေရှိမနေခဲ့။ နန်းဆောင်ထဲက မီးလင်းနေတာကြောင့် အပြင်မှကြည့်ရုံမျှပင် နန်းဆောင်ထဲကလူရဲ့ အရိပ်အယောင်ကို မြင်နေရသည်။ သူမက ထိုင်နေခဲ့တာ။ ဆော့ဂျင် တံခါးကိုဖွင့်ပြီး ဝင်လိုက်တော့ နန်းဆောင်တွင်း အဆင့်ဆင့်ကာထားတဲ့ ဇာပါးလွှာတွေ။ သူဇာပါးလွှာတွေကို တဖြည်းဖြည်းချင်းကျော်ဖြတ်လာလိုက်ပြီး ယွန်းအာနှင့်နီးကပ်လာတာနှင့်အမျှ ယွန်းအာရဲ့ တခစ်ခစ်ရယ်သံလေးတွေက သူ့ရဲ့နားထဲအပြေးအလွှားကျီစယ်နေသည်။ သူလျှောက်လာလိုက်ရင်း နောက်ဆုံးဇာပါးလွှာအရောက်မှာတော့ ယွန်းအာကို ကောင်းကောင်းမြင်နေရလေပြီ။ ဒါမဲ့ ယွန်းအာက...

ဆံပင်တွေလည်း ပြေကျနေပြီး အကျီကလည်း အောက်ခံဇာပါးဂါဝန်ဖြူလေးနှင့်သာ။ ဘေးနားမှာ သူမရဲ့ အပေါ်ဝတ်အကျီတွေက ပြန့်ကျဲနေခဲ့ပြီး တွန့်ကြေနေတဲ့အိပ်ရာပေါ်မှာထိုင်နေလေသည်။ ဆော့ဂျင်တစ်ယောက် ဇာပါးနောက်မှသာ ရပ်ကြည့်နေမိသည်။ ထိုချိန် ယွန်းအာကိုနောက်မှသိုင်း၍ဖက်လိုက်သော အမျိုးသားတစ်ဦး။

ဆော့ဂျင်pov;
ဂျွန်...ဂျွန်ဂျောင်ကု! သူကဘာလို့ မိဖုရားရဲ့ အိပ်ရာပေါ်မှာ ရှိနေရတာလဲ?

နဂါးဝတ်ရုံနီကို ဆင်မြန်းထားတဲ့ ဂျောင်ကုက ယွန်းအာကို အနောက်မှ အုပ်မိုးထားကာ ဆော့ဂျင်ကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ဂျောင်ကုနှုတ်ခမ်းပါးတွေက ယွန်းအာလည်တိုင်မှာ နေရာယူလိုက်ပြီးနောက် တဖြည်းဖြည်းချင်း ယွန်းအာရဲ့ ကြက်သွေးရောင် နှုတ်ခမ်းတွေဆီ ဦးတည်လာခဲ့သည်။

ဆော့ဂျင်pov;
အန်းဒွဲ....အန်းဒွဲ! မဖြစ်ရဘူး!

ဆော့ဂျင်တစ်ယောက် သူ့မျက်စိရှေ့မှာ ဂျောင်ကုနှင့်ယွန်းအာအတူရှိနေတာကို မြင်နေရတာ သွေးပျက်မတတ် ခံစားနေရသည်။ သူမခံနိုင်တဲ့အဆုံး သူရှေ့မှ သူဇာပါးလွှာကို ဖြုတ်ချလိုက်တဲ့ချိန်...

အိပ်နေရာမှအလန့်တကြားနိုးလာခဲ့သည်။ သူအိပ်မက်ဆိုးတွေမက်နေပြန်ပြီ။ ဒါမဲ့ဆော့ဂျင်တစ်ယောက် သူ့ကိုသူ အိပ်မက်မက်နေတာကို သတိမထားမိ။ သူမြင်ခဲ့တာတွေကို အမှန်တကယ်ဟုထင်ကာ ဂယောင်ခြောက်ခြားတွေဖြစ်လာတော့သည်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora