episode 7

640 93 24
                                        

မင်အာတစ်ယောက် အမေကို ကြည့်လိုက် ငိုလိုက် လုပ်နေရင်း ၁နာရီလောက်ကြာတော့ ဗိုက်ဆာလာတော့သည် အဲ့တော့မှ   အမေ့အတွက် ယူလာတဲ့ လက်ဆောင်တွေကို ပေးဖို့ သတိရတော့တာပေါ့။

မင်အာ:အာ..ဟုတ်သား အမေ့အတွက် လက်ဆောင်..အထိန်းတော်အို အမေ့အတွက် ပြင်ဆင်လာတဲ့ လက်ဆောင်တွေ ယူလာပေးပါအုံး။

အထိန်းတော်အို:ရဲ့..မားမား

အထိန်းတော်အိုလဲ မင်အာပြင်ဆင်လာတဲ့ လက်ဆောင်တွေကို ယူလာပေးတာပေါ့။

မင်အာ:အမေ သမီးအမေ့အတွက် လက်ဆောင်တွေ အများရီ ယူလာတယ်။ ဒီမှာပိုးထည်လေး ..

မင်အာအမေ:အိုက်ဂူး မယ်မယ်ရယ် မယ်တော်အတွက် ဒီလိုပစ္စည်းဥစ္စာတွေ မလိုအပ်ပါဘူး။ မယ်မယ်ကျန်းကျန်းမာမာ ရှိနေရင်သာ ရပါပြီ။

မင်အာ:ဘာလို့မလိုရမှာလဲ။ သမီးဖြစ်သူက နိုင်ငံတခုလုံး အုပ်ချုပ်တဲ့ မင်းကြီးရဲ့ မိဖုရားပဲဟာ။ အော် ဒီမှာ အမေအရမ်းကြိုက်တဲ့ လိမ္မော်သီးတွေ။...အရသာကတော့ ဘူဆန်လောက် ကောင်းမှာမဟုတ်ပေမဲ့ နဲနဲတော့အရသာရှိမှာပါ။

မင်အာအမေဟာ ဒီတိုင်းပြုံးပြီး လက်ခံလိုက်တာပေါ့။

မင်အာ:အမေ မပျော်ဝူးလားဟင်။ အမေက လိမ္မော်သီးအရမ်းကြိုက်တာမဟုတ်ဝူးလား။ ဆိုးလ်ကနေ တခုခုပို့ပေးပါလို့ မှာလိုက်ရင် လိမ္မော်သီးနဲ့ကင်မ်ချီပဲ ထည့်ပေးနေကျဟာ။

မင်အာအမေ:မယ်တော်အကြိုက်ဆုံးအသီးက တည်သီးလေ။ မယ်မယ်နဲ့ အကြိုက်ချင်းတူတယ်။ မမှတ်မိဝူးလား။

အဲ့လိုပြောလိုက်တော့ မင်အာမျက်နှာပျက်သွားတာပေါ့။ အေးလေ ကမ္ဘာတစ်ခုကိုတောင် ကူးပြောင်းရောက်လာတာပဲ။ အကြိုက်လဲ ကွဲချင်ကွဲမှာပေါ့။

မင်အာအဖေ:ခမည်းတော်အတွက်ရော...ဘာလက်ဆောင်ပါလဲဟင်။

မင်အာ:ရှင်...အ​​ဖေအတွက်လား။

အဲ့တော့မှ သူ့အဖေအတွက် ဘာမှ မဝယ်ခဲ့ရတာကို သတိရသွားတော့သည်။

မင်အာ:အထိန်းတော်အို အ..အဖေအတွက် ဘာပါလဲဟင်။

အထိန်းတော်အို:ဘာမှပါမလာပါဝူး မယ်မယ်။..

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora