ဂျောင်ကုတစ်ယောက် နောက်နေ့ရောက်တော့ ဆော့ဂျင်အား ညီလာခံနန်းဆောင်ထဲ ဆင့်ခေါ်လိုက်တာပေါ့။
မိန်းမစိုးဂင်:ချောနား...အရာထမ်းဂင် ရောက်ပါပြီ။
ဆော့ဂျင်:မင်းကြီးကို ဂါရဝပြုပါတယ်။ ကျတော်မျိုးကို ဆင့်ခေါ်တယ်ဆိုလို့ပါ။
ဂျောင်ကု:အွန်း..မင်းတို့တွေအပြင်ခဏထွက်နေကြ....
ဂျောင်ကုဟာ သူ့ဘေးမှာရှိနေတဲ့ မိန်းမစိုးဂင်နှင့် နန်းတွင်းသူတွေကို ထိုသို့ပြောလိုက်တော့ သူတို့လဲ နန်းဆောင်ထဲကနေ ထွက်သွားကြတော့သည်။ အားလုံးထွက်သွားပြီးနောက်မှာတော့....
ဂျောင်ကု:ငါခေါ်လိုက်ရတဲ့အကြောင်းအရင်းက....အရာထမ်းဂင်က ဒီတလော ဘာကြောင့် မိဖုရားနဲ့အမြဲတွေ့နေရတာပါလဲ။ ဟိုတနေ့က မိဖုရားက အဆောင်ထိလာတွေ့တယ်ဆို။
ဆော့ဂျင်:အာ...အဲ...အဲ့တာက...
ဆော့ဂျင်တစ်ယောက် ဖြေဖို့ခက်နေတုန်းမှာပဲ ဂျောင်ကုထပ်ပြောလိုက်သည်။
ဂျောင်ကု:ကောလဟာလတွေအတိုင်း မိဖုရားနဲ့အတူ ငါ့ကိုပုန်ကန်ဖို့ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်။...
ဂျောင်ကုဒီလိုမေးလိုက်တော့ ဆော့ဂျင်ဟာ အံသြတဲ့အကြည့်နဲ့ ဂျောင်ကုကိုတချက်မျက်စိလှန်ကြည့်လိုက်တာပေါ့။
ဆော့ဂျင်:မင်းကြီး မေးခွန်းက အတော်ကို မသင့်တော်ပါဘူး။ ဘယ်လိုများ မယ်မယ်ကို ဒီလိုသံသယဝင်နိုင်ရတာလဲ။ မိဖုရား ကျတော်ကိုလာတွေ့ရခြင်းအကြောင်းက အရမ်းကိုနက်ရှိုင်းတဲ့ ပုစ္ဆာကိုအဖြေရှာဖို့ပါ။
ဆော့ဂျင်ဟာ ထိုသို့ပြုံးကာ ပြန်လျှောက်တင်လိုက်ပြီးနောက် သူ့အကျီထဲကနေ အမြဲဆောင်ထားလေ့ရှိတဲ့စာအုပ်ကို ဂျောင်ကုရှေ့ သွားဆက်သလိုက်တော့သည်။ ထိုထဲတွင်တော့ မင်အာက သူ့ကိုပြောပြခဲ့တဲ့အကြောင်းအရာတွေကို ရေးထားတာပေါ့။ ဂျောင်ကုလဲတချက်ဖတ်ကြည့်လိုက်ပြီး ကြောင်သွားတော့သည်။
ဂျောင်ကု:ဒါ...ဒါဘာတွေလဲ။ ငါတခုမှလဲ နားမလည်ပါလား။
ဆော့ဂျင်:ရဲ့ ချောနား မယ်မယ်က ကျတော်မျိုးဆီလာပြီး အနာဂတ်ကနေ အတိတ်ကိုရောက်လာခဲ့တဲ့ အမျိုးသမီးအကြောင်း ဆွေးနွေး နေခဲ့တာပါ။
YOU ARE READING
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
