နောက်နေ့မနက်တွင် ယွန်းအာသတိရလာခဲ့သည်။ ဘေးကိုကြည့်လိုက်တော့ သူမလက်ကိုကိုင်ကာ အိပ်ပျော်နေသော ဂျွန်ဂျောင်ကု။
ယွန်းအာpov;
ငါဘာတွေဖြစ်ခဲ့တာလဲ? ဒီနာကျင်မှု...အာ့..အဲ့တာ ဗိုက်ထဲကမလား...သူမနောက်ထပ် ဘေးတစ်ချက်ကို ကြည့်လိုက်ချိန်မှာတော့ သွေးတွေစွန်းနေတဲ့အဝတ်များ။
ယွန်းအာpov;
မဖြစ်ဘူး!...ငါ့ခလေးလေး...မဖြစ်ဘူး...သူမသွေးပေနေတဲ့အဝတ်တွေကို ကြည့်ကာ ယူကျုံးမရငိုကြွေးနေမိတော့သည်။ သူမစိတ်ထဲတွင် သူမရဲ့ခလေးကိုဆုံးရှုံးလိုက်ရပြီဟု ထင်နေမိတော့သည်။ ငိုသံကြားသဖြင့် ဘေးနားမှ ဂျောင်ကုလည်း နိုးလာရ၏။
ဂျောင်ကု:မိဖုရား..
ယွန်းအာ:ဂျောင်ကုရာ..ငါ့ခလေးလေး...ငါ့ခလေးလေး မရှိတော့ဘူးမလားဟင်...အဲ့တာအကုန် ငါ့အပြစ်တွေပါ။ ငါ့ပေါ့လျော့မှုတွေကြောင့် ငါ့ခလေးလေး အဲ့လိုဖြစ်ရတာ..ငါ့ကြောင့်ပါဟာ...
သူမ ဂျောင်ကုကို ငိုယိုပြီး ပြောလာတော့ ဂျောင်ကုက သူမကိုဖက်ထားပေးလိုက်သည်။
ဂျောင်ကု:ဂွီင်ချာနာ...ဘာမှမဖြစ်ပါဘူး...ကိုယ်တို့ခလေးလေး အဆင်ပြေပါတယ်....
ယွန်းအာ:ဟင်!...အဆင်ပြေတာလား?..ဒါဆို ငါ့ခလေးလေး မသေဘူးပေါ့နော်...
ဂျောင်ကု သူမကိုရင်ခွင်ထဲမှပြန်ထုတ်လိုက်ကာ ပါးလေးကိုကိုင်၍
ဂျောင်ကု:ဘယ်လိုလုပ် သေလုမျောပါးဖြစ်ပြီး ပြန်လာတဲ့ မိဖုရားက အရင်ဆုံး ရင်သွေးလေးကိုစိတ်ပူနေရတာလဲ? မိဖုရားက ရင်သွေးလေးကို အဲ့လောက်တောင်တန်ဖိုးထားရတာလား?
ယွန်းအာ:ဒါကနင့်ခလေးလေ...နင့်သွေးသားတွေစီးနေဆဲ့နင့်ခလေးကို ငါလွယ်ထားရတာကိုး...ငါဘယ်လောက်တောင် ပျော်နေရလဲ နင်သိလို့လား...ငါခလေးကိုသာ ဆုံးရှုံးရရင် ဆက်အသက်ရှင်နိုင်မယ်မထင်တော့ဘူး...
ဂျောင်ကု:အဲ့လိုမပြောပါနဲ့တော့...အခုအကုန်အဆင်ပြေသွားပါပြိ။ အခုဆို မိဖုရားရယ် ကိုယ်ရယ်...ပြီးတော့ ကိုယ်တို့ ခလေးလေးရယ်...ပျော်ရွှင်စရာမိသားစုလေးဖြစ်လာတော့မှာ...
![](https://img.wattpad.com/cover/296629704-288-k295748.jpg)
STAI LEGGENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...