မယ်တော်ခေါင်ကြီး:ဘာ! နင်ခုနက ဘာပြောလိုက်တယ်? အရင်မင်းကြီးက အသက်ရှင်လျက် နန်းတော်ထဲကို ပြန်ရောက်လာတယ်? ဟုတ်လား!
အထိန်းတော်ကြီး:ဟုတ်...ဟုတ်ပါတယ် မယ်မယ်...ကျတော်မျိုးမရဲ့ မျက်လုံးနှစ်လုံးနဲ့အတိအကျကို မြင်ခဲ့တာပါ။ ပြီးတော့ မိဖုရားကလည်း မေ့မျောနေခဲ့ပါတယ်။
"ဂျောင်ကုပြန်ရောက်လာပြီ"ဆိုသောစကားကြောင့် မယ်တော်ခေါင်ကြီးတစ်ယောက် ဆောက်တည်ရာမရဖြစ်နေခဲ့တော့သည်။
မယ်တော်ခေါင်ကြီး:အခု...အဲ့မင်းကြီး ဘယ်မှာလဲ?
အထိန်းတော်ကြီး:မိဖုရားကိုပွေ့ချီပြီး...နန်းဆောင်ကိုသွားပါတယ်..အခုဆိုမိဖုရားခေါင်နန်းဆောင်မှာ ရှိနေမှာပါ...
ဒါကိုကြားသည်နှင့် မယ်တော်ခေါင်ကြီးတစ်ယောက် မတုံ့ဆိုင်းနေတော့ဘဲ ယွန်းအာနန်းဆောင်သို့ ထွက်လာခဲ့သည်။ နန်းဆောင်ကိုရောက်တော့ နန်းဆောင်က စစ်သည်တွေအပြည့်နှင့် ခြံရံထားခံရ၏။ မယ်တော်ခေါင်ကြီးတစ်ယောက် ဘာမှမသိသလိုမျိုး နန်းဆောင်ထဲဝင်မယ်လုပ်တော့ စစ်သည်တွေက သူမရှေ့မှ ပိတ်ရပ်လိုက်သည်။
အထိန်းတော်ကြီး:ဒါက ဘယ်လိုတောင် အတင့်ရဲတဲ့လုပ်ရပ်လဲ? မင်းတို့ရှေ့မှာရှိနေတာ တော်ဝင်မျိုးနွယ်ရဲ့ခေါင်းဆောင် မယ်မယ်မိဖုရားကြီးနော်...
"စိုးရွံ့မိပါတယ် မယ်မယ်! ချောနားက နန်းဆောင်ထဲ ဘယ်သူမှဝင်ခွင့်မပေးထားလို့ပါ"
မယ်တော်ခေါင်ကြီး:ဘာ! ဖယ်စမ်း! မင်းတို့က ငါ့ကိုတားဖို့ အခွင့်အရေးမရှိဘူး! ငါကမင်းကြီးရဲ့မယ်တော်ဘဲ!
နန်းဆောင်ပြင်မှ မယ်တော်ခေါင်ကြီးရဲ့ အသံကိုကြားနေရသဖြင့် ဂျောင်ကု နန်းဆောင်ပြင်ပသို့ ထွက်လာလိုက်သည်။ ထို့နောက် ဂျောင်ကုရဲ့အမိန့်ပေးမှုကြောင့် နန်းဆောင်မှာရှိနေတဲ့လူတွေအကုန် နေရာမှဖယ်ပေးခဲ့ရ၏။
ဂျောင်ကု:ဂါရဝပြုပါတယ် မယ်တော်...
ဂျောင်ကုက တရိုတသေ ဂါရဝပြုလိုက်ေသော်လည်း သူရှေ့မှာအကောင်းတိုင်းရှိနေတဲ့ ဂျောင်ကုကြောင့် မယ်တော်ခေါင်ကြီးတစ်ယောက်မှာတော့ ခြောက်ခြားလာကာ နေရာမှာ ကြက်သေ သေသွားရ၏။
CZYTASZ
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...
