Episode 33

320 39 10
                                        

နောက်နေ့မနက်မှာတော့ ဆော့ဂျင်တစ်ယောက် သောက်ထားတဲ့အရှိန်နဲ့မို့ ခေါင်းကမထောင်ချင်။ သို့သော်လည်း သူအားယူကာထထိုင်လိုက်သည်။

ချွန်း:အရာထမ်းဂင် နိုးပါပြီလား။ ဒီမှာပါ။ အရာထမ်းဂင်အတွက် အမူးပြေ ပဲပေါက်ပင်ဂင်ချီစွတ်ပြုတ်ပါ။

ဆော့ဂျင်:အာ..ဂိုမာဝေါ်

ချွန်း:ဒ​ါနဲ့ မနေ့ညကလေ အရာထမ်းဂင်တအားမူးနေလိူ့ မယ်မယ်က အဆောင်ထိလိုက်ပို့ပေးခဲ့ရတာ။ မှတ်မိပါရဲ့လား။

ဆော့ဂျင်တစ်ယောက် အခုထိမျက်စိတွေကဝေနေသေးတာကြောင့် ဘာကိုမှမစဥ်းစားချင်။ စွတ်ပြုတ်ကိုပဲ အာရုံထည့် သောက်နေချိန် ထိုစကားကြောင့် သူသီးသွားရသည်။

ဆော့ဂျင်:အဟွတ်...အဟွတ်...ဒဲ့?

ချွန်း:အရာထမ်းဂင် မမှတ်မိဘူးနဲ့တူတယ်။ မနေ့ညက အရာထမ်းဂင်ကို မယ်မယ်က အဆောင်ထိလိုက်ပို့ပေးခဲ့ရတာပါ။

သူအခုမှ ညက ကိစ္စတွေကိုသူပြန်စဥ်းစားမိသည်။ မနေ့ညက တအားမူးနေတာကြောင့် သူယွန်းအာအပေါ် ဘာလုပ်ခဲ့လဲဆိုတာ သူမမှတ်မိ။

ဆော့ဂျင်:ဒီမြင်ကွင်းကို ဘယ်သူတွေမြင်သွားပါသေးလဲ။

ချွန်း:ဥည့်နက်နေပြီမို့ ကျွန်တော်ကလွဲရင် ဘယ်သူမှ မမြင်ပါဘူး။

ဆော့ဂျင်:ဒါဆို ဒိကိစ္စကို လျှို့ဝှက်ပေးထားနိုင်မလား။ တောင်းဆိုပါတယ်။

ချွန်း:ရပါတယ် ကျတော်လျို့ဝှက်ပေးထားပါ့မယ်။

သူဒီသတင်းပေါက်ကြားသွားမှာကို စိုးရိမ်မိသည်။ဟိုတလောကမှ ဂျောင်ကုက ယွန်းအာကို သူနဲ့ပတ်သက်ပြီး အထင်လွဲထားတာမလား။ ဒီသတင်းသာပေါက်ကြားသွားရင် ယွန်းအာအတွက်ရော သူ့အတွက်ရော မကောင်းဘူးလေ။ အထူးသဖြင့် ဂျောင်ကုကြားသွားမှာကို သူပိုစိုးရိမ်မိသည်။

ထိုချိန် အရာထမ်းခေါင်းဆောင်ရောက်ရှိလာခဲ့သည်။

"ခေါင်းဆောင် ဂါရဝပြုပါတယ်။"

ခေါင်းဆောင်:ရား အရာထမ်းဂင် မင်းမနေ့က တာဝန်ချိန်ကို ဘာလို့ရုံးတော်ကိုပျက်ကွက်တာလဲ။ မင်းအပြစ် မင်းသိတယ်မလား။

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora