Episode 18

510 82 46
                                    

မယ်တော်ခေါင်ကြီးဆီက စကားကိုကြားပြီးကတည်းက မျက်နှာကြီးဆူပုတ်နေကျသည့် နန်းတွင်းသူများ။

အွန်းလေး:မင်းကြီး မတရားဝူး။ အခုတလော မယ်မယ်က ဒီလောက်ဂရုစိုက်နေတာကို မြောင်မီနာကို ကိုယ်လုပ်တော်ပြန်တင်စရာလား ဟွန့် တကယ် အကျင့်ပုတ်တဲ့မင်းကြီး။

အထိန်းတော်အို:အပြောအဆို ဆင်ခြင်ပါ အွန်းလေး။ မင်းကြီးလဲ သူ့အကြောင်းနဲ့သူရှိလို့ နေမှာပါ။ ဟူး...ငါတို့တောင် ဒီလောက်ပူဆွေးနေရင် မယ်မယ်ဆို ဘယ်လောက် ဝမ်းနည်းနေမလဲမသိဝူး။

အထိန်းတော်အိုနှင့် အွန်းလေးတို့လဲ ထိုသို့ပြောကာ စိုးရိမ်တကြီးနှင့် မင်အာအဆောင်ထဲ လှမ်းကြည့်လိုက်တဲ့အချိန်..

အစားအသောက်မျိုးစုံကို ပလုတ်ပလောင်းနှင့် အားပါးတရ စားနေသော မင်အာကိုမြင်လျှင် အထိန်းတော်ကြီးတယောက် သက်ပြင်းချလိူက်ပြီး

အထိန်းတော်အို:ဟူး ထားလိုက်ပါတော့လေ။

အွန်းလေး:ကြည့်ပါအုံး။ မယ်မယ် ဘယ်လောက်တောင် စိတ်ညစ်နေလို့ ဒီလောက်တောင်အစားတွေအများရီးစားနေရတာလဲ။ အဟင့် အဟင့်

အထိန်းတော်ကြီးpov:
မယ်မယ်က စိတ်မညစ်လဲ အစားတွေကို တအားစားတာပါပဲ🤣

အွန်းလေးတယောက် ငိုသံလေးနဲ့ပြောလိုက်ပြီး မင်အာဆီကိုသွားလိုက်သည်။

အွန်းလေး:မယ်မယ် စားရတာအရသာရှိရဲ့လားဟင်။ မယ်မယ် စိတ်အရမ်းထိခိုက်နေမှာပဲ။ မယ်မယ်ကို သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲဟင် ဗြဲ...

အွန်းလေးဒီလိုပြောပြီး ငိုချလိုက်တော့ မင်အာတယောက်စားနေတာပါ သီးသွားတော့သည်။

အဟွတ် အဟွတ်

ဘေးက အထိန်းတော်ကြီးကိုမော့ကြည့်လိုက်တော့လဲ ဝဲနေတဲ့မျက်ရည်တွေကို ဖဲပြားနဲ့သုတ်နေတဲ့ မြင်ကွင်းသာမြင်လိုက်ရသည်။

မင်အာ:ရား...ဘာ..ဘာလို့ငိုတာလဲ။ ငါ ဘာမှမဖြစ်ပါဘူး။ မငိုပါနဲ့။

အထိန်းတော်အို:ဟုတ်တယ် အွန်းလေး မငိုနဲ့။ ဒီအချိန်မှာ စိတ်အထိခိုက်ဆုံးက ငါတို့မယ်မယ်ပဲ။ ငါတို့ထပ်ပြီးစိတ်ဆင်းရဲစရာတွေမပေးကြရအောင်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora