Episode 37

411 49 6
                                    

နောက်နေ့မနက် မိုးသောက်ချိန်တွင် ဂျောင်ကုတစ်ယောက် စစ်သည်များခြံရံလျက် ခရီးကို စတင်ခဲ့သည်။ ဂျောင်ကုက ထယ်ယောင်းကို သာမာန်တောထွက်မဲ့ခရီးလို့ ပြောထားသောကြောင့် ထယ်ယောင်းနဲနဲတော့ တွေဝေရ၏။ ဒီကာလက တောထွက်ရမဲ့ကာလလဲမဟုတ်ဘူးလေ။

ထယ်ယောင်းမြင်းကို ပြင်ဆင်ကာ ဂျောင်ကုနှင့်အတူ လိုက်မယ်အလုပ် ဂျောင်ကုက တားလိုက်သည်။

ဂျောင်ကု:ကိုယ်ရံတော်ဂင် ဒီတခေါက်တော့ မလိုက်ပါတော့နဲ့။ ဒီတခေါက်သွားမှာက အန္တရာယ်မများပါဘူး။ နေ့ချင်းပြန်ခရီးမိူ့ ဘာမှစိတ်မပူပါနဲ့။

ထယ်ယောင်း:ဒါမဲ့ ချောနား...ကျတော် မင်းကြီးကို ကာကွယ်ဖို့အတွက် မင်းကြီးအနားမှာ ရှိနေမှဖြစ်ပါ့မယ်။ဘယ်လောက်ပဲ အန္တရာယ်မရှိတဲ့သွားလမ်းဖြစ်ဖြစ် ကျတော် မင်းကြီးနဲ့အတူလိုက်ပြီး ကာကွယ်ရမှာ ကျတော်တာဝန်ပါ။ ဒါကြောင့် ချောနား မငြင်းပါနဲ့။

ဂျောင်ကု:ငါသိပါတယ် ယောင်း။ ငါ့မှာ စစ်သည်တွေလဲ ပါနေတာပဲ။ ငါ့ကိုစိတ်ချပါ။ ငါဒီတခေါက် ငါ့ဘာငါ အေးအေးဆေးဆေး တောထွက်ချင်လို့ပါ။ ဘာမှစိတ်မပူပါနဲ့။

ဂျောင်ကု သူ့ကိုဒီလိုတရင်းတနှီးမဆက်ဆံတာ ကြာပါပြီ။ သူ့ကို အရင်လို ညီအစ်ကိုတွေလိုမျိုး ယောင်းလို့ ခေါ်လိုက်ခြင်းကြောင့် ထယ်ယောင်းစိတ်ထဲ ကျေနပ်သွားရသည်။ ဒါမဲ့ ဂျောင်ကုကို တစ်ယောက်ထဲလွှတ်ဖို့တော့ စိတ်မချနိုင်သေး။

ထယ်ယောင်း:ဒါမဲ့...ချောနား...

ဂျောင်ကု:ဂွီင်ချာနာ ငါလဲ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက် ဖြစ်နေပြီဘဲ။ ငါ့ကိုငါ ကာကွယ်နိုင်ပါတယ်။ သိပ်မကြာခင် နေတောင်ထွက်တော့မယ်။ ငါသွားတော့မယ်။ မိဖုရားကို စောင့်ရှောက်ပေးပါ။...ဒီနေ့တရက်တာအတွက်ပေါ့။

ထယ်ယောင်း:ရဲ့..စိတ်ချပါ။ ခရီးလမ်းမှာ ဂရုစိုက်သွားပါ ချောနား။

ဂျောင်ကုအတွက် စိတ်ပူသော်လည်း ဘုရင်စကားကြောင့် ထယ်ယောင်းဘာမှမတတ်နိုင်။ ဂျောင်ကုကို ပူဆွေးစွာ နှုတ်ဆက်လိုက်ရရှာတော့သည်။ ဂျောင်ကုတစ်ယောက် သူ့မြင်းပေါ်တက်ပြီး စစ်သည်တွေခြံရံလျက် ခရီးကို စတင်ခဲ့သည်။ ထယ်ယောင်းကတော့ ဂျောင်ကုမြင်းနှင့် သူ့မျက်စိထဲမှ ပျောက်သွားသည်အထိ​ ဂျောင်ကုအား ကြည့်နေခဲ့သည်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now