Episode 42

255 16 7
                                        

ကိုယ်ရံတော် လူသန်ကြီးတစ်ဦး မိန်းမစိုးဂင်တို့နှင့်အတူ ဆယ်ကျော်သက်ဘုရင်ငယ်လေးဂျွန်ဂျောင်ကုတို့ ဟန်ယန်းစျေးထဲသို့ အရပ်ဝတ် ဝတ်ဆင်ကာ တိုင်းခန်းလှည့်လည်လာခြင်းဖြစ်သည်။

အဝယ်တော်လာဖို့ အပြိုင်အဆိုင်ခေါ်နေကြတဲ့ စျေးသည်တွေကလည်း စီစီမြိုင်။ဟိုဟာလျှော့ပါအံုး ဒီဟာလျှော့ပါအံုးနဲ့ စျေးဆစ်နေတဲ့ စျေးဝယ်တွေကလည်း စီစီမြိုင်နှင့် စျေးငယ်လေးထဲ အုံအော်သောင်းနင်း။ ကြင်စဦးချစ်သူစံုတွဲတွေကလည်း တစ်ယောက်လက်တစ်ယောက်ချိတ်ကာ စျေးဝယ်နေကြတာလဲ နေရာအနှံ့။ ဒီကြားထဲ ခလေးငယ်တွေကလည်း ပြေးလွှားဆော့ကစားနေသဖြင့် စျေးငယ်လေးထဲ လူကအရှုပ်သား။
မိန်းမစိုးဂင်ကတော့ ဘေးမှနေ၍ ညီးတွားနေပေမဲ့ ဂျောင်ကုကတော့ ထိုမြင်ကွင်းကို ကြည့်ကာ ကြည်နူးနေမိသည်။ ထိုပြင် ကလေးငယ်တစ်ဦးက ဂျောင်ကုဘေးမှ ရှပ်ကာ ဖြတ်သွားသဖြင့် ကိုယ်ရံတော်ကြီးက လန့်သွားရပြီး ထစ်ခနဲရှိ ကိုယ်ရံတော်ပီပီ ဓားကထုတ်ပြီးသားမို့ ထိုခလေးငယ်လေးကို ခုခံဖို့ ဓားထုတ်ရန်ပြင်ဆင်လိုက်သည်။

ဂျောင်ကု:နေပါအုံး ကိုယ်ရံတော်ကြီးရယ် ဒီလိုစျေးထဲ ဓားထုတ်အံုးမလို့လား? ဝတ်ထားတဲ့အဝတ်အစားကိုလည်း ကြည့်ပါအုံး။ ကိုယ်ရံတော်ကြီးဝတ်ထားတာ သာမာန်သခင်လေးအဝတ်နော်။ ဓားထုတ်လိုက်ရင် ပြဿနာတွေပိုရှုပ်ထွေးသွားလိမ့်မယ်။ ကိုယ်တော်လဲ ဘာမှမထိခိုက်သွားပါဘူး။ ဒါကြောင့် စိတ်ထိန်းပါအုံး။

ဂျောင်ကုက ဓားထုတ်ရန်ပြင်ဆင်နေတဲ့ မုတ်ဆိတ်မွှေးနဲ့ အသက် ၃၅နှစ်အရွယ်လူသန်ကြီးကို ချော့မော့ပြောနေခြင်းဖြစ်သည်။

မိန်းမစိုးဂင်:ကိုယ်ရံတော်ကြီးရယ် ချောနားပြောတာမှန်ပါတယ်။ စိတ်လေးဘာလေးနဲနဲ လျှော့ပါအုံး။

ကိုယ်ရံတော်ကြီး:ဒါမဲ့ချောနား....

ဂျောင်ကုကပြုံး၍ခေါင်းညိမ့်ပြနေသဖြင့် ကိုယ်ရံတော်ကြီးစိတ်လျှော့လိုက်ရသည်။

ဂျောင်ကု:ဂွီင်ချာနာ အခုတော့ ကိုယ့်တော်လဲ တဖြည်းဖြည်းအရွယ်ရောက်လာပြီဘဲ ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပေါ့။ ကဲ ကိုယ်ရံတော်ကြီးလည်း နောက်နှစ်ဆိုအနားယူပြီဆိုတော့ ကိုယ်တော်က ကိုယ်ရံတော်ကြီးအတွက် လက်ဆောင်ပနာ ပြင်ဆင်ပေးရမှာပေါ့။

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now