အခန်းထောင့်လေးမှာ စုတ်ချေလွှင့်ခံထားတဲ့ ပေလွှာလေးကို ဆော့ဂျင်အလျင်အမြန် သွားယူကြည့်လိုက်သည်။
မြေပုံတစ်ခု!
"မိဖုရားကိုလိုချင်ရင် ခများအသက်နဲ့လဲရမယ်"ဆော့ဂျင်လက်တွေတုန်ရီလာရသည်။
ဆော့ဂျင်pov;
သူတို့တွေ မိဖုရားကိုဖမ်းခေါ်သွားကြပြီ!ဘေးနားက မိန်းမစိုးဂင်တစ်ယောက် ဆော့ဂျင်တုန်လှုပ်နေတာကိုကြည့်ခြင်းဖြင့် ပေလွှာထဲဘာရေးထားလဲဆိုတာသိချင်သဖြင့် လှမ်းကြည့်လိုက်ချိန် သူပါ တုန်လှုပ်သွားရတော့သည်။
မိန်းမစိုးဂင်:အိုမို...ပုန်ကန်သူတွေ မယ်မယ်ကိုဖမ်းခေါ်သွားပြီဘဲ! ဘယ်လိုလုပ်ကြမလဲ ချောနား....ဒုခပါဘဲ!
ဆော့ဂျင် မတုံဆိုင်းနေတော့ဘဲ နန်းဆောင်ထဲမှပြန်ထွက်ကာ မြင်းတင်းကုပ်ဆီသို့ အလျင်အမြန်သွားတော့သည်။ ထို့နောက် မြင်းကိုဆွဲယူကာ ထွက်လာတော့ စစ်သည်တွေကလည်း သူ့နောက်မှ အသီးသီးလိုက်လာရသည်။ ထိုချိန် အနီးမှ စောင့်ကြည့်နေတဲ့ ဘဏ္ဍာရေးဝန်ကြီးက စစ်သည်တွေထဲမှ သူတို့လူတစ်ဦးအားမျက်စိဖြင့်အရိပ်အယောင်လှမ်းပြလိုက်သည်။
ဆော့ဂျင်တစ်ယောက် မြင်းကို တဟုန်ထိုးနှင်ကာ ထွက်လာသဖြင့် နောက်မှပါလာတဲ့စစ်သည်တွေကိုလည်း သတိထားမိပုံမပေါ်။
ဆော့ဂျင်pov;
ယွန်းအာရာ...ကိုယ်လာနေပါပြီ။ ခဏလေးဘဲ...ခဏလေးဘဲ တောင့်ထားပေးပါ။ ကိုယ်မင်းကိုရအောင်ကယ်မယ်။ဆော့ဂျင်:ရား....
မြင်းကိုပြင်းပြင်းရိုက်ရင်း ခရီးကိုနှင်လာခဲ့သည်။ စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုတွေကအပြည့်။ တဖြည်းဖြည်းချင်းကျဆင်းလာတဲ့ မျက်ရည်တွေကလည်း လေဟုန်နှင့်အတူ မျောပါသွားတော့သည်။ မြေပုံထဲတွင် ပြထားတဲ့နေရာက ဂျောင်ကုလုပ်ကြံခံခဲ့ရတဲ့ တောကြီးကိုပင်။ ထိုတောကြီးက နက်လွန်းလို့ အန္တရာယ်များလွန်း၏။ ဆော့ဂျင်ဘာကိုမှမစဉ်းစားနိုင်။ သူမ တစ်ခုခုဖြစ်သွားမှာကိုသာ စိုးရိမ်နေခဲ့၏။ သူတို့တောထဲမှဖြတ်လာရင်း တော်နက်နက်တစ်နေရာအရောက် အနောက်မှ မြားတစ်စဉ်းက ဆော့ဂျင်၏ လက်မောင်းကို ရှပ်ထိသွားသဖြင့် အရှိန်နှင့်သွားနေသော ဆော့ဂျင်တစ်ယောက် မြင်းပေါ်မှ အားပြင်းပြင်းနှင့် ပြုတ်ကျသွားသည်။
BINABASA MO ANG
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...