Episode 32

297 35 8
                                    

ကျွန်းစာရေးစားပွဲလေးပေါ်တွင် မေးထောက်ရင်း ပြုံးနေသော ယွန်းအာကြောင့် အထိန်းတော်အိုနှင့်အွန်းလေးတို့စိတ်မသက်မသာဖြစ်ရသည်။ အမြဲတမ်းဆူပူကြိမ်းမောင်းနေပြီး ငိုယိုနေတတ်တဲ့ယွန်းအာက အခုလို ကြည်ကြည်နူးနူးပြုံးနေတဲ့ပုံစံမျိုးက အွန်းလေးတို့အတွက် အထူးအဆန်းဖြစ်စေသည်။

အွန်းလေး:အထိန်းတော်အို မယ်မယ်မနေ့ညက တခုခုဖြစ်လာလို့လားဟင်။ မနက်ကတည်းက ပြုံးနေတာ တခုခုဖြစ်ထားတယ်နဲ့တူတယ်။

အထိန်းတော်အို:ဟူး...မသိတော့ပါဘူး။ မယ်မယ် ဘာတွေများ ထပ်ပြီး လုပ်ခဲ့ပြန်ပြီလဲ။

အထိန်းတော်အိုတစ်ယောက် ယွန်းအာကိုကြည့်ကာ သက်ပြင်းချနေစဥ်မှာဘဲ စားပွဲခုံအား ရိုက်လိုက်သော ယွန်းအာကြောင့် ချနေသောသက်ပြင်းများပြန်ဝင်ကုန်တော့သည်။

ဒုံး!

အထိန်းတော်အို:အမလေး! လန့်...လန့်လိုက်တာ။

ယွန်းအာ:ဟုသားပဲ။ သူ့ဆီစာရေးရမယ်။ သူရောငါ့ကိုလွမ်းနေလောက်လားဟင်? ဘယ်လိုပဲဖစ်ဖစ် ဒီနေ့ကငါတို့ရဲ့ပထမဆုံးနေ့ဘဲလေ။ Dateလုပ်သင့်လား။ ဂျိုဆွန်းမှာဘယ်လိုdateကြတာပါလိမ့်? အာ..မိုလာ။ သူ့အကြောင်းစဥ်းစားတိုင်း ငါ့နှလုံးသားလေးက ပေါက်ထွက်မတတ်ဘဲ။ အဟိ"

သူမရှက်ပြုံးလေးပြုံးရင်း လက်ဖြင့်သူမ မျက်နှာအားအုပ်နေမိပြန်သည်။ ဒါကိုမြင်သော အွန်းလေးတစ်ယောက် သူမရဲ့သိချင်စိတ်တွေကို မထိန်းနိုင်တော့ဘဲ ယွန်းအာဘေးဝင်ထိုင်လိုက်သည်။

အွန်းလေး:မယ်မယ်..မနေ့ညက တခုခု...ဖြစ်ခဲ့လို့လားဟင်။ မယ်မယ်ကြည့်ရတာ စိတ်ပျော်နေတယ်နဲ့တူပါတယ်။

ယွန်းအာ:ဟင် ငါကအဲ့လိုပုံပေါက်နေလို့လား။? အရမ်းရီးသိသာနေလားဟင်?

အွန်းလေး:ရဲ့ မယ်မယ်တချိန်လုံးပြုံးနေပြီး မယ်မယ်မျက်နှာလေးကလည်း ပေါက်ထွက်တော့မဲ့ခရမ်းချဥ်သီးလိုနီရဲနေတာပါ။ ဘာများဖြစ်ခဲ့လို့လဲဟင်။

ယွန်းအာတစ်ယောက် တံတွေးမျိုချလိုက်ပြီး အွန်းလေးနဲ့ အထိန်းတော်အိုတို့အား သူမအနားကပ်ခိုင်းလိုက်သည်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Nơi câu chuyện tồn tại. Hãy khám phá bây giờ