episode 1

925 100 3
                                    

အထပ်၅၀မက မြင့်တဲ့ SAKURA webtoon ကုမ္ပဏီကြီးရဲ့ အခန်းတိုင်းမီးအမှောင်ချကာ အလုပ်ဆင်းသွားကြပေမဲ့ အလုပ်မဆင်းသေးပဲ မီးလင်းနေသော တခန်းမှာတော့ စာရေးဆရာ ဂင်နမ်ဂျွန်းရဲ့ အခန်းပင်ဖြစ်သည်။ အပြင်မှာ နှင်းတွေတဖွေးဖွေးကြနေပြီး သန်းခေါင်ယံကျော်နေပြီဆိုပေမဲ့လဲ နမ်ဂျွန်းကတော့ အလုပ်မဆင်းသေး။ မနက်ဖြန်ဆို သူရေးနေတဲ့ လရောင်ဖုံးသောအချစ် webtoon ဇာတ်လမ်းက ဇာတ်သိမ်းပါပြီ။

ဇာတ်သိမ်းက ဘယ်လိုလဲဆိုတော့ ဗီလိန်မလေး ယွန်းအာက ကိုယ့်ကိုကိုယ် မြစ်ထဲခုန်ချပြီး နောင်တတွေနဲ့ အဆုံးစီရင်သွားတာပါ။ စိတ်မကောင်းပေမဲ့လဲ ဒါက webtoon ဇာတ်လမ်းသက်သက်ပဲလေ။ အဲ့နေ့ညက တအားပင်ပန်းနေတာကြောင့် ဆိုဂျူသောက်ကာ ဆွဲနေခဲ့တာပေါ့။

ဂင်နမ်ဂျွန်း:ဟူး...ပြီးသွားပြီ။ မိဖုရားက တကယ် သနားဖို့ကောင်းတာပဲ။ ပြီးပြီဆိုတော့ saveလိုက်တော့မယ်။ ကဲ....

Saveမယ်အလုပ် ကွန်ပြူတာဟာ ကြောင်သွားပြီး ပြန်ပွင့်လာခဲ့တယ်။ အဲ့အချိန်မှာတော့ သူခုနက ဆွဲထားတဲ့ မိဖုရားရေထဲ ခုန်ချတဲ့ အပိုင်းဟာ မရှိတော့ပဲ မိဖုရားဟာ တံတားပေါ်မှာ ရပ်နေတဲ့ အပိုင်းပဲ ရှိတော့တာပေါ့။

နမ်ဂျွန်း:ဟာ...ပျက်သွားတာနဲ့ တူတယ်။ တောက်... နောက်တခေါက် ပြန်ဆွဲရတော့မယ်။

ပြန်ဆွဲဖို့ penလေး ကိုင်လိုက်ချိန်မှာပဲ tabletပေါ်က မိဖုရားဟာ သူ့ဘက်မော့ကြည့်လိုက်ပြီး စာသားတွေဟာ အလိုအလျောက်ပေါ်လာခဲ့တယ်။

"ကျွန်မ မသေချင်ဝူး။ ကျွန်မကို မသတ်ပါနဲ့။ ကျေးဇူးပြုပြီး။...ရှင်တကယ်လို့ ကျွန်မကို သတ်မယ်ဆိုရင် ကျွန်မကိုယ်တိုင် အသက်ရှင်ရအောင် လုပ်ပြမယ်။''

နမ်ဂျွန်းတစ်ယောက် လန့်သွားကာ ဘေးနားက ဆိုဂျူပုလင်းလက်နဲ့တိုက်မိပြီး ကွဲသွားတော့သည်။ မနက်အိပ်ရာနိုးလာတော့ ဘေးမှာ ပုလင်းကွဲတွေ ရှိနေပြီး tabletက အပွင့်သား။ မနေ့ညက တွေ့ခဲ့တာက တကယ်လား အိပ်မက်လားဆိုတာ သိရအောင် tabletကို ကြည့်လိုက်တဲ့အချိန် သူဆွဲထားတဲ့ မိဖုရားရေထဲခုန်ချတဲ့ အပိုင်းဟာ မပျက်ပဲ ရှိနေတယ်လေ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now