"ဂင်ဆော့ဂျင်က မကောင်းဆိုးဝါးဘဲ။
မကောင်းဆိုးဝါးတောင်မှ အရမ်းကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါး"မယ်တော်ခေါင်ကြီး:ဘာပြောတယ်! မင်းကြီးက ညီလာခံကျင်းပနေတုန်း အမတ်တစ်ယောက်ကို သတ်ပစ်တယ်!ဟုတ်လား? ဟူး...ဒီကောင်လေး ဘာတွေလျှောက်လုပ်နေတာလဲ?
အထိန်းတော်ကြီး:ရဲ့..မယ်မယ် အခုအခြေအနေတွေက အရမ်းကိုရှုပ်ထွေးနေခဲ့တာပါ။ ချောနားကို အခုဘယ်သူမှ တားလို့ရမှာမဟုတ်တော့ပါဘူး!
မယ်တော်ခေါင်ကြီး:အာညီးရာ တားလို့ရမဲ့သူတစ်ယောက်ရှိသေးတယ်။ အဲ့တာမိဖုရားဘဲ! ဒါနဲ့ ဂင်ဆော့ဂျင်က တကယ်ရူးနေတာလား? ငါနဲ့တွေ့တုန်းကထိ အကောင်းကြီးကိုး! စိတ်ညစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ငါ့ကိုဆရာလာလုပ်တော့မယ်။
ပြောတာ မကြာလိုက်ပါဘူး။ ဘဏ္ဍရေးဝန်ကြီးတစ်ယောက် နန်းဆောင်ထဲသို့ လောကြီးသုတ်ပျာရောက်လာခဲ့သည်။
မယ်တော်ခေါင်ကြီး:ကြည့်စမ်း ထပ်လုပ်ပြန်ပြီ။ မင်းလိုကောင်ကများ ငါ့နန်းဆောင်ကို ခွင့်မတောင်းဘဲ...
ဘဏ္ဍာရေးဝန်ကြီး:ကျတော်မျိုးသိပါတယ်။ အခုက အရမ်းအရေးကြီးလို့ပါ။ မယ်မယ် ကြားပြီးပါပြီလား?
မယ်တော်ခေါင်ကြီး:ကြားပြီးပြီ။ ဘာလဲ အဲ့တာပြောဖို့လား?
ဘဏ္ဍရေးဝန်ကြီး:မယ်မယ် ကြားပြီးတာတောင် ဒီတိုင်းထိုင်နေရတာပါလား? အခု မင်းကြီးက ဘယ်လောက်တောင် အထိန်းအကွပ်မဲ့နေပါပြီလဲ?...ဒီနေ့အမတ်ကိုသတ်ခဲ့ရင်..နောက်နေ့ကျရင် ကျတော်တို့ကိုပါ....
မယ်တော်ခေါင်ကြီး:တိတ်စမ်း! ဘာလဲ မင်းကအခု ငါ့သားက ငါ့ကိုပြန်သတ်နိုင်တယ်လို့ ခြိမ်းခြောက်ချင်နေတာလား?
ဘဏ္ဍာရေးဝန်ကြီး:ကျတော်က ခြိမ်းခြောက်တာမဟုတ်ပါဘူး။ ဖြစ်နိုင်ချေရှိတာကိုပြောပြတာပါ။ ချောနားက တကယ်ကိုစိတ်ဝေဒနာခံစားနေရတာပါ။ ကျတော်မျိုး အတိအကျ စုံစမ်းပြီးပါပြီ။ ချောနားက ထိုဝေဒနာကြောင့် အသိစိတ်လွတ်တိုင်း ဘာမှမစဉ်းစားဘဲ ထင်ရာစိုင်းလုပ်နေခဲ့တာပါ။ မနေ့ညကတောင် မိဖုရားကိုသတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
KAMU SEDANG MEMBACA
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fiksi Penggemarကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...