"သစ္စာဖောက်!"
"မိစ္ဆာကောင်!"
ယုတ်ယုတ်သဲသဲဖြစ်နေတဲ့လူအုပ်ကြားထဲ ဆော့ဂျင်ရပ်နေမိသည်။ ထိုလူအုပ်ကြီးက ဆော့ဂျင်ကိုလက်ညှိုးဝိုင်းထိုး၍ လှောင်ပြောင်နေကြတော့သည်။
ဆော့ဂျင်:မဟုတ်ဘူး!....မဟုတ်ဘူး!...
ဆော့ဂျင် ခေါင်းတရမ်းရမ်းနှင့် ဖြစ်နေတုန်း အဝေးတစ်နေရာမှ လှမ်းကြည့်နေတဲ့ မျက်လုံးတစ်စုံ။
ဆော့ဂျင်pov;
ဒါ...ဒါ ဂျွန်ဂျောင်ကုဘဲ!သူအိပ်နေရာမှ အလန့်တကြားနိုးလာခဲ့သည်။ သူ့နဖူးမှာလည်း ချွေးစီးတွေက အပြည့်။ နှလုံးခုန်နှုန်းက ပုံမှန်နားနဲ့ကြားရအောင်ပင် ပြင်းပြင်းထန်ထန်ခုန်နေခဲ့သည်။ အသက်ရှုနှုန်းကလည်း မမှန်။ သူတုန်လှုပ်နေတာ!
သူအိပ်ရာမှကောက်ထိုင်လိုက်ပြီး ရေသောက်မယ်အလုပ် ရေကရားထဲ ရေကုန်နေတာကြောင့် ရေဖြည့်ပေးရန် မိန်းမစိုးဂင်ကို လှမ်းအော်ခေါ်လိုက်သော်လည်း သန်းခေါင်ယံချိန်မို့ မည်သူမှမတုံ့ပြန်သဖြင့် နန်းဆောင်ပြင်ကို ထွက်ရန်ကြိုးစားလိုက်သည်။
သူနန်းဆောင်တံခါးနားကို သွားလိုက်ချိန် အနောက်မှ လူတစ်ဦးဖြတ်သွားသလိုခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။
ဆော့ဂျင်pov;
တစ်ယောက်ယောက်ရှိနေတာလား?သူမသက်ာတော့သဖြင့် အိပ်ရာဘေးမှဓားကို ဆွဲထုတ်လိုက်ကာ နန်းဆောင်အတွင်း တစ်စုံတစ်ဦးကို လိုက်ရှာနေမိသည်။ ထိုစဉ် သူ့ရဲ့ကျောဘက်မှ
"မင်းကြောက်နေတာလား!"
စကားပြောသံကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်တဲ့အချိန် နဂါးဝတ်ရုံနီကို ဆင်မြန်းထားတဲ့ ဂျောင်ကု။ သူက ဆော့ဂျင် ခပ်သဲ့သဲ့ပြုံးပြနေသည်။ လက်ထဲမှာလည်း ဓားတစ်ချောင်းကိုင်ထားပြန်သေးသည်။
ဆော့ဂျင်:မင်း...မင်း...ဂျွန်ဂျောင်ကု! မင်းမသေသေးဘူးလား?
ဆော့ဂျင် တုန်ရီစွာဖြင့်လှမ်းမေးလိုက်တော့ ဂျောင်ကုက တစ်ချက်ရွဲ့ပြုံးပြလိုက်ကာ လက်ထဲမှ ဓားကိုဆွဲထုတ်လိုက်သည်။ ဓားက သွေးတွေစွန်းနေခဲ့ပြီး ဟိုတစ်နေ့က ဆော့ဂျင်ကိုခုတ်ခဲ့တုန်းက မြင်ယောင်ခဲ့တဲ့ ဓားပင်။ ဂျောင်ကုက သူ့ဆီ ခြေလှမ်းလာသဖြင့် ဆော့ဂျင်မသိစိတ်မှ နောက်ဆုတ်နေမိသည်။
YOU ARE READING
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...