ယွန်းအာတစ်ယောက် မိုးမသောက်ခင် ဘယ်သူမှမနိုးခင်အချိန်လေး အကိုဖြစ်သူနဲ့တိုင်ပင်ထားသလို နန်းတော်ကနေ အပြီးတိုင်ထွက်သွားရန် အကိုဖြစ်သူ လာအခေါ်ကို စောင့်နေခဲ့သည်။ သူမ နန်းဆောင်ထဲတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် ဂဏာမငြိမ်ဖြစ်နေခဲ့မိသည်။
ယွန်းအာpov;
ငါသာအခုအကိုနဲ့ထွက်ပြေးသွားရင် သူတို့တွေ အိုရာဘိုညီးနဲ့ငါ့ကို ဂျိုဆွန်းအနှံ့ဖမ်းဝရမ်းထုတ်ကြမှာ အမှန်ဘဲ။ ဒါဆို ငါတို့မ်သားစုနဲ့ အမျိုးတွေပါ ထိခိုက်လာနိုင်တယ်။ ဒါမဲ့လည်း အကိုက သူ့ကိုယုံခိုင်းထားတာဘဲလေ။ အကို သူ့နည်းသူ့ဟန်နဲ့တော့ ဖြေရှင်းမှာဘဲ...ထိုချိန် ပွင့်လာသော နန်းဆောင်တံခါး။ ယွန်းအာတစ်ယောက် ထယ်ယောင်းအထင်နဲ့ တံခါးဆီပြေးသွားလိုက်သည်။
ယွန်းအာ:အိုပါး...ကျမ...ကျ....
ချက်ချင်းဘဲ မေ့ဆေးသုတ်ထားတဲ့ အဝတ်နဲ့ သူမပါးစပ်နှင့် နှုတ်ခမ်းအုတ်ခံလိုက်ရပြီး ဘာမှမလုပ်နိုင်ခင်လေးမှာဘဲ သတိမေ့သွားခဲ့တော့သည်။ အသိစိတ်လုံးလုံးမပျောက်ခင် မှိန်းမောနေတဲ့အချိန်လေး ဝေဝါးနေပြီဖြစ်တဲ့ မျက်လုံးတွေနဲ့အတူ ထိုလူကိုကြည့်လိုက်သည်။
ယွန်းအာpov;
သူက စစ်သည်ဝတ်ရုံကိုဝတ်ထားတာ...ဘယ်သူများလဲ?ထို့နောက်အသိစိတ်လုံးလုံးပျောက်သွားခဲ့ရတော့သည်။ သူမသတိပြန်ဝင်လာတော့ သူမက မြင်းပေါ်ရောက်နေခဲ့သည်။ သူမလက်တွေကို ကြိုးနှင့်တုတ်ခံထားရပြီး ပါးစပ်ကိုလည်း အဝတ်နှင့်စည်းခံထားရသည်။ ပူပူနွေးနွေးအထိအတွေ့ကို ခံစားမိသဖြင့် သူမကိုဒီလိုဖမ်းခေါ်လာတဲ့သူက သူမရဲ့နောက်ကျောဘက်တွင်ရှိနေမှန်းသိလိုက်ရသည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အုံ့ဆိုင်းနေတဲ့သစ်ပင်ကြီးတွေသာ ရှိနေခဲ့သည်။
ယွန်းအာpov;
ဒီလူ...ငါ့ကိုဘယ်ခေါ်သွားနေတာလဲ?မပျယ်သေးတဲ့ မေ့ဆေးအရှိန်ကြောင့် သူမ တဆစ်ဆစ်ထိုးကိုက်လာတဲ့ခေါင်းနှင့်အတူ ပြန်သတိမေ့သွားတော့သည်။ သူမ ပြန်သတိဝင်လာတော့ သူမရဲ့ခန္ဓာကိုယ်က အပင်ကြီးတစ်ပင်၌ ကြိုးတုပ်ခံထားရသည်။

YOU ARE READING
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...