Episode 22

349 53 18
                                    

မင်အာတို့နှစ်ယောက် ဟန်ယန်းကနေ ဆော့ဂျင်​မြင်းနဲ့ ပြန်လာလိုက်တာ ညနေစောင်းလောက်မှာပဲ နန်းတော်ကိုပြန်ရောက်တော့သည်။ မှောင်စပြုလာပြီမို့အခမ်းအနားလဲ ပြီးသွားပါပြီ။ အွန်းလေးတို့ကတော့ မင်အာကိုတွေ့တွေ့ချင်း သူမဆီကိုပြေးလာကာ စိုးရိမ်တစ်ကြီး မေးပါတော့သည်။

အွန်းလေ:မယ်မယ်ရယ် ဘယ်တွေသွားနေခဲ့တာလဲ။ တနေ့လုံးစိတ်ပူနေခဲ့ရတာ။

အထိန်းတော်ကြီး:တကယ်ပဲ မယ်မယ်ဘယ်တွေရောက်နေခဲ့တာပါလဲ။ ကျွန်တော်မျိုးမတို့မယ်မယ်ကိုဘယ်လောက်တောင်စိတ်ပူနေခဲ့ရလဲသိရဲ့လား။

ဆော့ဂျင်:ကျတော်နဲ့ဟန်ယန်းကိုအတူသွားခဲ့တာပါ။ ဘာမှစိုးရိမ်စရာမရှိပါဝူး။ ဒါမဲ့...

မင်အာ:အဲ့တာတွေခဏထားပါ။ မြောင်မီနာကိုယ်လုပ်တော်တင်ပွဲပြီးသွားလောက်ရောပေါ့။ ငါဂျောင်ကုဆီသွားမှဖြစ်မယ်။ ဂျွန်ဂျောင်ကုငါ့ကိုအထင်လွဲနေလောက်ပိ။

မင်အာတစ်ယောက် ဂျောင်ကုဆီသွားဖို့လုပ်လိုက်ချိန် အွန်းလေးကတားလိုက်ကာ

အွန်းလေး:စိုးရွံမိ​ပေမဲ့ ဒီည မင်းကြီးက သူ့အိပ်ဆောင်မှာရှိမှာမဟုတ်ပါဝူး။ မယ်မယ်မသွားတာပိုကောင်းပါလိမ့်မယ်။

မင်အာ:ဘာလို့လဲ။

အထိန်းတော်အို:ဟုပါတယ် မယ်မယ်မသွားတာပိုကောင်းပါတယ်။ ခရီးပန်းလာတာဆိုတော့အနားယူလိုက်တာအကောင်းဆုံးပါ။

မင်အာ:ငါမသွားလို့မဖြစ်ဝူး။ သူငါ့ကိုအထင်လွဲသွားလိမ့်မယ်။ ထပ်ပြီး ဂင်ယွန်းအာကိုသူအထင်လွဲတာငါမခံနိုင်ဝူး။

အွန်းလေးတို့တားနေသော်လည်း ခေါင်းမာတဲ့ မင်အာကတော့ ဂျောင်ကုရှိရာကိုထွက်သွားတော့တယ်။ တစ်ဖက်တွင်တော့

မီနာ:ချောနား ဒီနေ့ညဟာဆိုရင် ကျွန်တော်မျိုးမနဲ့နှစ်ယောက်ထဲအတူဖြတ်သန်းမဲ့ပထမဆုံးညပါ။ ကျတော်မျိုးမဒီညလေးကိုအမြဲတမ်း စိတ်ကူးယဥ်ခဲ့ရတာပါ။

ဂျောင်ကု:ဟုပါတယ်။ ကိုယ်တော် အရင်က မဂ်လာဦးမှာလဲ အတူမရှိပေးနိုင်ခဲ့ဝူး။ ဒါကိုနားလည်ပေးတဲ့ မီနာကိုအများရီးကျေးဇူးတင်နေမိမှာပါ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora