လက်ယာအမတ်ကြီး နန်းဆောင်မှထွက်ခွါသွားပြီးနောက် အပြင်မှာရှိနေတဲ့ ထယ်ယောင်းနှင့်မိန်းမစိုးဂင်တို့က နန်းဆောင်ထဲ အမြန်ဝင်လာသည်။
ထယ်ယောင်း:ချောနား အဆင်ပြေခဲ့ရဲ့လား?...ဘယ်လိုပါလဲ? ချောနားကို ကူညီပေးမယ်တဲ့လား?....
ဂျောင်ကုက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါပြလိုက်သည်။
မိန်းမစိုးဂင်:အိုက်ဂူး...သေချာပေါက် လက်ယာအမတ်ကြီးကတော့ ငါတို့ချောနားဘက်မှာရှိနေမယ်လို့ ထင်ခဲ့တာကို....အခုဘယ်လိုလုပ်ကြပါမလဲ?
ဂျောင်ကု:အမတ်ကြီးက ငါ့ဘက်မှာမဟုတ်ဘူး။ သူက ဂျိုဆွန်းပြည်သူတွေဘက်မှာဘဲ။ သူကြည့်ရတာ ငါ့ကိုမယုံကြည်ပေးနိုင်ဘူး ထင်ပါရဲ့။ အေးလေ ငါကိုယ်တိုင်က မင်းဆိုးမင်းယုတ်တစ်ပါးဖြစ်ခဲ့တာကိုး။
ထယ်ယောင်း:အဲ့လိုမတွေးပါနဲ့ ချောနား...ကျတော်တို့တွေ ဂျိုဆွန်းကိုကယ်တင်ဖို့ အခြားနည်းလမ်းရှိအုံးမှာပါ။ ပြီးတော့ ချောနားက မင်းဆိုးမဟုတ်ခဲ့ပါဘူး။ ဟုတ်ခဲ့ရင်တောင် ချောနားမှာ ပြင်ဆင်ဖို့အခွင့်အလမ်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါကြောင့်လက်မလျှော့လိုက်ပါနဲ့....
ထယ်ယောင်းရဲ့အားပေးစကားတွေကြောင့် ဂျောင်ကုလုံးဝ လက်မလျှော့ဖို့ ဆုံးဖြတ်လိုက်သည်။
ဂျောင်ကု:ဟုတ်တယ်...အခြားနည်းလမ်းတွေရှိအုံးမှာပါ...ငါလက်လျှော့လိုက်လို့မဖြစ်ဘူး....
ညနေ မှောင်ရီပျိုးချိန်မှာတော့ ဂျောင်ကု ယွန်းအာဆီသို့ ထပ်လာခဲ့သည်။ သူမက အခုချိန်ထိ သတိမရလာသေး။
ဂျောင်ကု:အခြေအနေထူးသေးလား?
အထိန်းတော်အို:အဖျားတော့မရှိတော့ပါဘူး...ဒါမဲ့ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်လို့ သမားတော်ကြီးက ပြောပါတယ်...
ဂျောင်ကု:ကောင်းပြီ...မင်းတို့တွေ အပြင်ထွက်နေလိုက်ကြပါ...ငါမိဖုရားနဲ့ နှစ်ယောက်ထဲရှိချင်တယ်...
အထိန်းတော်အို:ရဲ့ ချောနား...
ဂျောင်ကုရဲ့အမိန့်ကြောင့် နန်းဆောင်ထဲရှိလူအကုန် နေရာမှဖယ်ပေးခဲ့ရသည်။ ထို့နောက် ယခင်နေ့ကအတိုင်း ဂျောင်ကုတစ်ယောက် ယွန်းအာဘေးတွင် ဝင်ထိုင်လိုက်ပြန်သည်။
ESTÁS LEYENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanficကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...