မင်အာတစ်ယောက် ဆော့ဂျင်နဲ့ စကားပြောပြီးပြန်လာတော့ ညနေဆောင်းနေပြီမို့ မှောင်စပြုလာပြီ။ သူမလဲ အဆောင်ကိုပဲ တည့်တည့်မတ်မတ်ပြန်လာနေတဲ့အချိန် သူမအဆောင်အရှေ့၌ ဂျောင်ကုရဲ့ နန်းတွင်းသူတွေနဲ့ အွန်းလေးတို့ဟာ အဆောင်ထဲကို အရိုအသေပေးနေကြတာကို လှမ်းတွေ့လိုက်သည်။
မင်အာ:ဘာလား ငါလဲမရှိပဲနဲ့ ဘာလို့ အဆောင်ကို ဂါရဝပြုနေကြပါလိမ့်။
မင်အာလဲ သိချင်စိတ်နဲ့ အဆောင်နားကို သွားလိုက်တဲ့အချိန်
အထိန်းတော်အို:မားမား ရောက်ပါပြီလား။ အထဲမှာ မင်းကြီးစောင့်နေပါတယ်။
မင်အာ:ဘာ မင်းကြီးရောက်နေတယ်ဟုလား? ဘာလဲ ထပ်ပြီး ငါနဲ့အိပ်မလို့တဲ့လား။
အွန်းလေး:အာညီးဟယ်ယို အရေးကြီးပြောစရာရှိလို့နဲ့တူပါတယ်။ ဒါကြောင့် မယ်မယ်ကို သွားခေါ်ပေးရမလားဆိုတာတောင် မသွားခေါ်ခိုင်းပဲ ဒီမှာ တယောက်ထဲထိုင်စောင့်နေတာ ၃ရှိဂျင်တောင်ရှိနေပါပြီ။
မင်အာ:ဘာ ၃နာရီတောင်ရှိပြီလား။? ဘာများပြောမို့ပါ့လိမ့်။
မင်အာလဲ သိချင်စိတ်နဲ့ အဆောင်ထဲကို မတုံးမဆိုင်းပဲ ဝင်သွားတဲ့အချိန် မင်အာစာရေးနေကျ စားပွဲလေးရှေ့မှာ ထိုင်ပြီးစာရေးနေတဲ့ဂျောင်ကုကို တွေ့သွားတော့သည်။
ဂျောင်ကု:အာ မိဖုရား..ရောက်လာပြီကိုး။
မင်အာ:ရား နင်အဲ့မှာ ဘာလုပ်နေတာလဲ။
ဂျောင်ကု:ဘာရယ်လိုတော့မဟုတ်ပါဘူး။ ဒီတိုင်း ကဗျာရာရီတွေ ရေးနေတာပါ။
မင်အာ:ဘာ ပြစမ်းပါအုံး။
မင်အာတစ်ယောက် ထိုသို့ပြောကာ ဂျောင်ကုရှေ့ဝင်ထိုင်လိုက်ပြီး ဂျောင်ကုရေးထားတဲ့ ကဗျာစာရွက်တွေကို ဖတ်ကြည့်လိုက်သည်။
မင်အာ:ဝါး နင်လက်ရေးက လှလှချည်လား။ တော်သားပဲ။ ဒါနဲ့ ဘာတွေရေးထားတာလဲ။ထားပါ။ ဘာတွေပဲရေးထားထား ကောင်းတဲ့ကဗျာလှလှလေးတွေပဲ ဖြစ်မှာပါ နောလေ....
မင်အာတယောက် ထိုသို့ပြုံးပြီးပြောလိုက်သည်။ ဂျောင်ကုဟာ ဒါကိုကြည့်ပြီး စိတ်သက်သာရသွားပြီး အသက်ရှူချောင်သွားတာပေါ့။
STAI LEGGENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanfictionကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...