Special episode and Thanks letter

237 11 0
                                        

ရှေ့ကအပိုင်းမှာပြောခဲ့သလို "ဂင်မင်အာ"သူမကရော ဘာဖြစ်သွားတာများလဲ?🧐

သေချာပေါက် စဉ်းစားစရာပေါ့နော်။ ဒါမဲ့တအားကြီးလည်းမစဉ်းစားပါနဲ့😌

ကျွန်မ ဒိုယူမီ အာသာက ရှင်းပြပေးပါ့မယ်။😉

အားလုံးသိတဲ့အတိုင်း episode 10မှာထဲက ဂင်မင်အာက သူ့နေရာသူပြန်ရောက်နေခဲ့ပါပြီ။ ဒါမဲ့ episode 26မှာ ရှင်းပြထားသလို မှော်ဖန်လုံးလေးကို မင်အာပါးစပ်ထဲက ပြန်ယူခဲ့တာကြောင့် မင်အာမှတ်ဥာဏ်တွေက ယွန်းအာဆီမှာကျန်ခဲ့တာပါ။ သူမပြန်ရောက်ပြီး မကြာခင်ဘဲ သူမသတိပြန်ရလာခဲ့တယ်။ ဒါမဲ့အချိန်ကြာမြင့်စွာ သတိမေ့နေခြင်းကြောင့် ခန္ဓာကိုယ်ကအကြောတွေ ထိုင်းမှိုင်းကုန်တယ်။ ပြန်လည်ထူထောင်ရေးစင်တာ ရှိနေတဲ့ကာလတစ်လျှောက်လုံး နမ်ဂျွန်းက မင်အာဘေးမှာရှိနေပေးခဲ့တယ်။ သူမပြန်သက်သာလာတော့ သူမကြုံတွေ့ခဲ့ရသမျှကို နမ်ဂျွန်းကို ပြောပြခဲ့တယ်။ သူမအဲ့မှာရှိနေတဲ့တစ်လျှောက်လုံး WEBTOONက အသက်ဝင်နေပြီး သူဘာသူဇာတ်ကွက်တွေ ထွက်ပေါ်နေသာ်လည်း မင်အာပြန်ရောက်လာပြီးနောက် အသက်ဝင်နေမှုကလည်း ရပ်တန့်သွားခဲ့တော့သည်။ သူမကိုယ်တိုင် ထိုwebtoonထဲကိုရောက်ရှိခဲ့တာမို့လို့ နောက်ထပ်ဖြစ်လာမဲ့ဇာတ်ကွက်တွေအကုန်လုံးကို သူမ ကြိုတင်တွေးနေမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဒီwebtoonကိုအဆုံးသတ်မှဖြစ်မည်။ ဒါကြောင့် နမ်ဂျွန်းဆီက ထိုwebtoonကို ဝယ်ခဲ့ပြီးနောက် ဇာတ်ကွက်တွေအားလုံးကို သူမကိုယ်တိုင်ဆွဲခဲ့သည်။ ဇာတ်ကြောင်းကိုလည်း လုံးဝပြောင်းပစ်ပြီး အချိန်ခရီးသွားနဲ့ကာတွန်းလောကထဲရောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရေးထားသလို ရေးသားခဲ့တယ်။ ပြီးတော့ နံမည်ကိုလည်း "လရောင်ဖုံးသောအချစ်"ကနေ "ကျွန်တော်ရဲ့မိဖုရား"ဆိုပြီးပြောင်းလဲပစ်ခဲ့တယ်။ ဒါကြောင့် episode 10နောက်ပိုင်းကစပြီး ဖြစ်ပျက်ခဲ့တာမှန်သမျှဟာ မင်အာဆွဲခဲ့တဲ့ဇာတ်ကွက်တွေချည်းသာ။ ဇာတ်လမ်းကိုဇာတ်ရှိန်မြင့်ဖို့သက်သက်နဲ့ ယွန်းအာကိုချစ်တဲ့ဆော့ဂျင်ကို ဓားစာခံလုပ်မိခဲ့လို့ စိတ်မကောင်းပေမဲ့ သူမဆုံးဖြတ်ချက်ကမှန်သွားလေသလားပြောရမယ်။ ထိုအရာကြောင့်ဘဲ webtoonက လူစိတ်ဝင်စားမှုကို အရင်ကထက်ပိုရလာပြီး webtoonလောကရဲ့ Top 10အထိဝင်သွားခဲ့တယ်။ နိုင်ငံပေါင်းများစွာကနေ အားပေးမှုတွေကိုလည်း တသ်ခနဲရလာခဲ့ပြီး ကိုရီးယား ထိုင်းနှင့်တရုတ်နိုင်ငံတွေမှာလည်း dramaတစ်ခုအနေနဲ့ အသက်သွင်းလာကြတော့တယ်။ နောက်ဆုံးတောဘ သူမတစ်သက်လုံးဖြစ်ချင်ခဲ့တဲ့ အောင်မြင်တဲ့webtoonစာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး သူမဘေးမှာ တစ်ချိန်လုံးရှိနေပေးခဲ့တဲ့ နမ်ဂျွန်းကလည်း သူ့အချစ်တွေကို မင်အာဆီဝန်ခံခဲ့သဖြင့် သူတို့နှစ်ဦးလည်း "ကျတော်ရဲ့မိဖုရား" manhwaထွက်ပြီး ၂နှစ်ကြာပြီးနောက်မှာဘဲ လက်ထက်သွားကြတော့တယ်။ သူတို့လက်ထက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး SAKURA websiteမှာလည်း အရမ်းကိုနာမည်ကြီးသွားရတော့သည်။

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora