Episode 29

400 40 12
                                        

နောက်နေ့မနက်မှာတော့ မင်အာတစ်ယောက် ဂျောင်ကုရဲ့လက်မောင်းပေါ်တွင်အိပ်လျက်သားနဲ့နိုးလာခဲ့သည်။ နိုးနိုးချင်း သူမမထချင်သေးတာနဲ့ ဂျောင်ကုဘက်ကိုလှည့်ကာ ဂျောင်ကာမျက်နှာလေးအား ကြည့်နေမိသည်။ ထိုအချိန် ရုတ်တရက်နိုးလာသော ဂျောင်ကုကြောင့် သူမ ဂျောင်ကုနှင့်ဝေးရာဘက်သို့ လှိမ့်သွားလိုက်သည်။ ဒါကိုကြည့်ပြီး ဂျောင်ကုကတော့ လန့်သွားတာပေါ့။

ဂျောင်ကု:ဘာ..ဘာဖြစ်လို့ပါလဲ။ မိဖုရား...

ဒါကိုကြားတော့ ယွန်းအာတစ်ယောက် ကောက်ထိုင်လိုက်ပြီး

ယွန်းအာ:ဟင်...အွန်း..အာညီးရာ...နိုးပြီလား။

ထိုအချိန် ရုတ်တရက်ထရယ်သော ဂျွန်ဂျောင်ကု။

ဟားဟားဟား... ဟား...ဟားးး

ယွန်းအာ:ဘာလား..ငါပြောတဲ့ထဲ ဘာကရယ်စရာပါနေလို့လဲ။

သူမလဲ ဘေးကမှန်ကိုယူပြီးကြည့်လိုက်တဲ့အချိန် ညက သူမရှုံးထားသည့်အတွက် မျက်နှာပေါ်မှာ ရစရာမရှိအောင်လျှောက်ဆွဲခံထားရသောသူမ မျက်နှာကို မြင်သွားတော့သည်။

ယွန်းအာ:အော်...ဒါကြောင့်ကိုး။ ဒီကောင်သေးသေးလေးလုပ်ပါဆိုတာကို....

ယွန်းအာတစ်ယောက် ဂျောင်ကုမျက်နှာကို ကြည့်လိုက်တော့ သူ့မျက်နှာပေါ်တွင်လည်း ယွန်းအာဆွဲပေးထားသော နှုတ်ခမ်းမွှေးများရှိနေသည်။

ယွန်းအာ:ဟဟ ရား...နင့်နှုတ်ခမ်းမွှေးက တော်တော်ရယ်ရတာပဲ။ ဟားဟား...

ယွန်းအာထိုသို့ပြောမှ ဂျောင်ကုတစ်ယောက် မှန်ကိုအတင်းဆွဲယူကြည့်လိုက်သည်။ သို့သော်လည်း ယွန်းအာမျက်နှာက ပိုရယ်ရနေသောကြောင့် သူရဲ့ရယ်သံတွေကိုမထိန်းနိုင်ခဲ့။

ဂျောင်ကု:ဒါ...ဒါမဲ့လဲ မိဖုရား..မျက်နှာက ပိုပြီးကြည့်ရဆိုးနေပါတယ်။...ဟားဟားဟား...

ယွန်းအာဒါကိုကြားတော့ ဒေါသထွက်သွားပြီး

ယွန်းအာ:ဘာ! ဒီကောင်ကတော့။ ဟုလဲဟုတယ်။ ငါ့မျက်နှာတော်တော်ဆိုးဝါးနေတာပဲ။ ဒါနဲ့ဒီကောင်ဘယ်ချိန်မှရယ်လို့ပြီးမှာလဲ။ ရား...မရယ်နဲ့လို့။ ျီးပဲ...ရှိးး

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now