episode 9

537 84 55
                                    

မယ်တော်ခေါင်ကြီးနန်းတွင်းသူ:မင်းကြီး နန်းတွင်းကိုပြန်ရောက်နေပါပြီ။ မယ်မယ်ဘုရား...

မယ်တော်ခေါင်ကြီး:အော် ဟုတ်လား။ ဒါဆို မင်းကြီးကို သွားတွေ့ကြတာပေါ့။

ဂျောင်ကုနန်းတွင်းကိုပြန်ရောက်သည်ကို ကြားတာနဲ့ မယ်တော်ခေါင်ကြီးတစ်ယောက် ဂျောင်ကုဆီ ရောက်လာတာပေါ့။

မိန်းမစိုးဂင်:မယ်တော်ခေါင်ကြီး ကြွချီလာပါတယ်။ ချောနား....

ဂျောင်ကု:ဝင်ခွင့်ပေးလိုက်ပါ။

မယ်တော်ခေါင်ကြီး:မင်းကြီးကို အရိုအသေပြုပါတယ်။ ခရီးလမ်းမှာ သာယာဖြောင့်ဖြူးပါရဲ့လား။

ဂျောင်ကု:ရဲ့...မားမား ယောက္ခမတော်တို့က မယ်တော်ကြီးအတွက်လဲ လက်ဆောင်ပနာတွေ ထည့်ပေးလိုက်ပါတယ်။

မယ်တော်ခေါင်ကြီး:ရဲ့... မိဖုရားရော ခရီးလမ်းမှာ ပျော်ရွှင်ပါရဲ့လား။

ဂျောင်ကု:မိဖုရားကတော့ ပြုံးရွှင်နေတာပါပဲ။ ဒီတလော ကျန်းမာရေးအခြေအနေကြောင့် မရွှင်မလန်းရှိခဲ့ပေမဲ့ ခမည်းတော်တွေဆီ အလည်သွားရတော့ အတော် ပျော်နေပုံပေါ်ပါတယ်။

မယ်တော်ခေါင်ကြီး:ရဲ့...ဒါနဲ့ မိဖုရားကော မတွေ့မိပါလား။

ဂျောင်ကု:အာ အဲ့ဒါက....မိဖုရားက ယောက္ခမတော်တို့ အိမ်မှာနေခဲ့ပါတယ်။ ၁ရက်၂ရက်လောက်နေမှ နန်းတော်ကို ပြန်လာမှာပါ။

ဒီစကားကိုကြားကြားချင်းတည်ငြိမ်နေတဲ့ မယ်တော်ခေါင်ကြီးတစ်ယောက် ရုတ်တရက် စိတ်တွေတိုလာပါတော့တယ်။

မယ်တော်ခေါင်ကြီး:ဒဲ့...ဘယ်လိုတောင် မသင့်တော်တဲ့ ကိစ္စပါလဲ။ မိဖုရားဆိုတာ နန်းတွင်းထဲမှာပဲ ရှိနေသင့်တာပါ။ ဒီသတင်းကို အမတ်တွေသာ ကြားသွားရင် ပြဿနာတွေတက်လာနိုင်ပါတယ်။ မိဖုရားခေါင်အတွက် မိဖုရားနေရာပါ ထိခိုက်လာနိုင်တာပါ။ ဒါတွေကို မစဥ်းစားပဲ မိဖုရားကို အပြင်မှာ ထားခဲ့တာပါလား။

ဂျောင်ကု:အာညီးဟယ်ရော် အဲ့ဒါတွေကို ကိုယ်တော်စဥ်းစားခဲ့ပါတယ်။ ဒါမဲ့ မိဖုရားက ကျန်းမာရေးမကောင်းသေးတော့ မိဖုရားပျော်အောင် မိဖုရားအလို လိုက်ပေးတဲ့သဘောပါ။

My Queen (ကျွန်တော်ရဲ့မိဖုရား)Where stories live. Discover now