Episode 15

532 80 87
                                    

နောက်နေ့ရောက်တော့ မင်အာတစ်ယောက် မူးဝေနေသေးသော မျက်လုံးများအား အနဲငယ်ဖွင့်ကြည့်လိုက်သောအခါ မျက်စိကို စူးသွားစေသည့် အလင်းတန်းကြီး...

မင်အာpov:
ဘာလဲ။ ငါသေသွားတာလား။ သေသွားတာတော့ မဖြစ်နိုင်ဝူး။ ဆူဆူညံညံအသံတွေ ကြားနေရတယ်။ ဟွပ်ရှီ(မဟုတ်မှ)......ငါ ငါ့ဘဝငါ ပြန်ရောက်နေတာလား။....

နက်စ်မ:ဆရာ... လူနာသတိရလာပါပြီ။

ဆရာဝန်:ဟုလား။ မြန်မြန်စစ်ဆေးကြည့်ရအောင်။ လူနာ....ကျတော့်ကို...မြင်ရလား။

မင်အာpov:
ဟုတယ် ငါ့ဘဝငါ ပြန်ရောက်နေတာပဲ။ ပျော်လိုက်တာ။ မြင်ရပါတယ်။ ဆရာကိုကောင်းကောင်းရီးမြင်နေရပါတယ်။ ဒါမဲ့ ပါးစပ်က စကားပြောလို့မရဝူး။ အို ဘာပဲဖြစ်ဖြစ်လေ။ လင်းထိန်နေတဲ့ မီးချောင်း၊ အီလက်ထရောနစ် ဆေးပစ္စည်းတွေ။ တိုးတက်ဖွံဖြိုးနေတဲ့ တောင်ကိုရီးယားနိုင်ငံကြီးက ဘယ်လောက်တောင်ကောင်းလိုက်လဲ။

နက်စ်မ:ဆရာ...လူနာက ကိုမာဝင်သွားတာနဲ့တူတယ်။

ဆရာဝန်:ဟုတယ်။ အချိန်အတော်ကြာ သတိမေ့နေတာကြောင့် ကိုမာဝင်သွားတာနေမှာ။

အဲ့အချိန် သူမဆေးကုတင်နားသို့ ရုတ်တရက် အထိန်းတော်ကြီးရောက်လာတော့သည်။

အထိန်းတော်ကြီး:အန်းသွဲ မဖြစ်ပါဘူး။ ကျမတို့ မယ်မယ် ကိုမာဝင်သွားလို့မဖြစ်ပါဘူး။

မင်အာpov:
ဟင် ဒီ...အထိန်းတော်ကြီးက ဘယ်လိုလုပ် ပါလာတာလဲ။ သူပါ ငါနဲ့အတူ ကိုရီးယားကိုလိုက်လာတာလား။ မဖြစ်နိုင်ဝူး နေပါအုံး အခုအိပ်မက်မက်နေတာလား။?

သူမလဲ သတိကိုပြန်ကပ်ကာ အနီးကို တချက်ပြန်ကြည့်လိုက်တဲ့အချိန် သူမခုနက မြင်နေတဲ့ နက်စ်မဟာ အွန်းလေးဖြစ်ပြီး ဆရာဝန်ဆိုတာကတော့ သမားတော်ကြီးပင်။ အနီးပတ်ဝန်းကျင်ဟာလဲ သူမရဲ့နန်းဆောင်ဖြစ်ပြီး ဆူညံနေတဲ့အသံတွေကတော့ မင်အာဒီလိုမေ့လဲသွားရခြင်းကြောင့် အလုပ်ရှုပ်နေတဲ့ နန်းတွင်းသူလေးတွေရဲ့အသံပင်ဖြစ်သည်။ သူမလဲ စိတ်ပျက်စွာနဲ့ထထိုင်လိုက်ပြီး

မင်အာ:ဟူး....ဒီကိုပဲ ပြန်ရောက်နေပြန်ပြီ။ စိတ်ရှုပ်လိုက်တာ။ ရှိးးး ဒီအထိန်းတော်ကြီးမျက်နှာက တော်တော်ကြောက်ဖို့ကောင်းတာပဲ။ အိပ်မက်ကောင်းလေးတွေတိုင်း ပါပါလာတယ်။ တကယ်ပါပဲ...

My Queen (ကျွန်တော်ရဲ့မိဖုရား)Nơi câu chuyện tồn tại. Hãy khám phá bây giờ