Episode 59 (Final)

314 17 0
                                        

7နှစ်ခန့်ကြာပြီးနောက်

အထိန်းတော်အို:ဒီနေ့သင်မဲ့သင်ခန်းစာကတော့ "ဂို"ဆိုတဲ့ ငြိမ်းချမ်းခြင်းအကြောင်း သင်မှာဘဲ ဖြစ်တယ်...ဂိုဆိုတဲ့ စကားလုံးက ငြိမ်းချမ်းခြင်း အေးချမ်းခြင်း နှင်းစက်နှင်းပေါက်တွေနဲ့  "ရန်"ဆိုတဲ့စကားလုံးနဲ့ထပ်ဆင့်ပေါင်းကာ ကြည်လင်အေးမြခြင်း "ဂိုရန်"ဆိုတဲ့ဝေါဟာရလေး ရရှိလာတယ်...ဒါကြောင့် နန်းတော်ဘေးကနေ ဖြတ်စီးနေတဲ့မြစ်ကို ဂိုရန်လို့ နံမယ်ပေးထား....

ဒုံး...

၅နှစ်အရွယ်ကလေးမလေးတစ်ယောက် အိပ်ငိုက်နေရင်းမှ ရှေ့က စာကြည့်စားပွဲနှင့်ခေါင်း တိုက်မိကာ ထွက်ပေါ်လာသောအသံပင်။ ထိုအသံကြောင့် တည်ငြိမ်စွာစာဖတ်ပြနေတဲ့ အထိန်းတော်အိုတစ်ယောက် သူမရှေ့က ခလေးမလေးကို လှမ်းကြည့်လိုက်သည်။ သူမသက်ပြင်းတစ်ချက်ချကာ..

အထိန်းတော်အို:ဟူး...အိပ်ပျော်သွားပြန်ပြီနဲ့တူတယ်။ ဘာလုပ်နေတာလဲ? နန်းတွင်းသူအွန်း..မင်းသမီးလေးကို နှိုးလိုက်လေ...

ထိုစကားကြောင့် အွန်းလေးလဲ ကြောက်ကြောက်လန့်လန့်နှင့် ထိုခလေးမလေးကိုသွားနှိုးလိုက်ရသည်။ ဒီလိုနှိုးရတာ အခုမှ ပထမဆုံးမဟုတ်။ ဒီနေ့တချိန်ထဲတွင် ဆယ်ခါမကတော့။ ခေါင်းနှင့်စာကြည့်စားပွဲတိုက်ကာ အသံကျယ်ကြီးမြည်သွားတာတောင် နာလို့နာမှန်းမသိဘဲ ထိုခလေးမလေးကတော့ လုံးလုံးကို အိပ်ပျော်နေခဲ့လေတော့သည်။

အွန်းလေး:မင်းသမီလေး...မင်းသမီးလေး...ထပါအုံး...မင်းသမီးလေး စာသင်ရပါအုံးမယ်...

အွန်းလေးဘေးမှ တတွတ်တွတ်ပြောကာ နှိုးနေသော်လည်း ထိုကောင်မလေးကနှိုးမလာ။ ဒါကြောင့် အွန်းလေးလဲ သူမကို လှုပ်၍ နှိုးရန်ပြင်လိုက်သည်။

အွန်းလေး:မင်းသမီးလေး ထပါအုံး...စာသင်တာမပြီးသေးဘူးလေ အိပ်လို့မဖြစ်ပါဘူး..

ထိုချိန် ထိုကောင်မလေးက မျက်နှာဆူပုတ်လျက် မျက်လုံးဖွင့်လာကာ..

My Queen (ကျွန်တော်ရဲ့မိဖုရား)Donde viven las historias. Descúbrelo ahora