မင်အာတို့နှစ်ယောက် အပြန်လမ်းတွင် အပြင်ကိုရောက်တုန်း စျေးထဲကိုလျှောက်ပတ်ကြည့်ခဲ့ကြသည်။ မုန့်မျိုးစုံကိုစားပြီး ပစ္စည်းလှလှလေးတွေလဲဝယ်ခဲ့တာပေါ့။ ဒီလိူနဲ့ မိန်းကလေးအသုံးအဆောင်တွေရောင်းတဲ့ဆိုင်တဆိုင်ရှေ့အရောက်...
မင်အာ:ဝါး ပစ္စည်းလေးတွေက လှလိုက်တာ။
ဆိုင်ရှင်:ဟုတယ်။ ဒါကအနောက် ချင်နိုင်ငံကလာတဲ့ပစ္စည်းလေးတွေလေ။
သူမပစ္စည်းတွေကိုကြည့်နေရင်း အကျီကြိုးလေးတခုကိုကောက်ကိုင်လိုက်သည်။ သူမခဏလောက်ကြည့်နေပြီးနောက် ပြန်ချကာ တခြားဆိုင်သွားမယ်အလုပ်
ဆော့ဂျင်:ယွန်း...အိုဒီ(ဘယ်သွားမလို့လဲ။)
မင်အာ:ပြန်ကြမယ်လေ။
ဆော့ဂျင်:အဲ့လိုမလုပ်ပဲ ပစ္စည်းလေးတခုလောက်အမှတ်တရဝယ်သွားရအောင်။ အမ်......ဒီဟာလေး.
ဆော့ဂျင်တစ်ယောက် အကျီကြိုးလေးတစ်ခုကို ရွေးလိုက်ပြီး မင်အာလက်ထဲထည့်လိုက်သည်။
(norigae)
ဆော့ဂျင်:လှတယ်မလား။
မင်အာ:အွန်း လှပေမဲ့.....ငါ့အတွက် အဲ့တာတွေကမလို....
ဆော့ဂျင်:အာ ဘယ်လောက်ကျလဲမသိဝူး။
ဆိုင်ရှင်:၃ယမ်းပါ။
ဆော့ဂျင်တစ်ယောက် မင်အာပြောစကားကိုနားမထောင်ပဲ ပိုက်ဆံ ရှင်းပြီး ပြုံးကာ ထွက်လာခဲ့တော့သည်။ မင်အာလဲ ကျသင့်ငွေတောင် ရှင်းပြီးသွားပြီဆိူတော့ ပြန်ပေးလို့လည်းမရတော့တာနဲ့ ယူလိုက်ရတော့သည်။ ဒီလိုနဲ့စျေးထိပ်အရောက်....
ဆော့ဂျင်:အော် ဟိုမှာ ဆန်ပြုတ်ဆိုင်ပဲ။ အဲ့ဆန်ပြုတ်ဆိုင်က စားကောင်းတယ်လို့ကြားမိပါတယ်။ မယ်မယ်သုံးဆောင်ချင်ပါလား။
ESTÁS LEYENDO
My Queen (ကျွန်တော်ရဲ့မိဖုရား)
Fanficကောင်မလေးတစ်ယောက်ဟာ မတော်တဆတစ်ခုကြောင့် အလွန်နက်တဲ့ ရေကန်ထဲ ကျသွားခဲ့တယ်။ အချိန်အပြောင်းအလဲ တစ်ခုကြောင့် သူအရမ်းကြိုက်တဲ့ webtoon ကာတွန်းကမ္ဘာထဲကို ရောက်ရှိသွားခဲ့တာပေါ့။ ကာတွန်းသွားအလာအရ သူမဟာ ဗီလိန်နေရာက ဖြစ်ပေမဲ့ သူမရဲ့ အလွဲလေးတွေကြောင့် ခေါင်းဆေ...